လျော်ကြေး

✔ ✔  လျော်ကြေး    "(စ\ဆုံး) ✔ ✔ 

★ ★ ★ ★ ★ ★ ★ ★ ★ ★ 

တန်းတင်ရွာသည် တောကြုံအုံကြား လမ်းပန်းဆက်သွယ်ရေးခက်ခဲလှသော အိမ်ခြေ (၃၀) နီးပါးခန့်သာရှိသော ရွာသိမ် ရွာငယ်လေးတစ်ရွာသာဖြစ်သည်။

ရွာနဲ့ခပ်လှမ်းလှမ်း တောင်ကုန်းထိပ်တွင် စေတီတဆူရှိပြီး ထိုစေတီအား တန်းတင် စေတီ ဟုသာ အလွယ်တကူ ခေါ်ကြသည်။

မည်သည့်ခေတ်ကာလက တည်ထောင်ထားသည်ဟု ကျောက်စာ အမှတ်အသားများမရှိသော ရှေးဟောင်းစေတီ တဆူသာဖြစ်သည်။

ထိုသို့ တောကြို တောင်ကြားလမ်းပန်းဆက်သွယ်ရေး ခက်ခဲလှသော တန်းတင် စေတီတော်ကြီးသည် အနယ်နယ်အရပ်ရပ်မှ လူများဖြင့် ကြက်ပျံမကျ စည်ကားသောကာလတစ်ခုရှိပါသည်။

ထိုအချိန်ကား နှစ်စဉ် တန်းခူးလ တိုင်းကျင်းပလေ့ရှိသော ဘုရားပွဲ ကြောင့်ပင်ဖြစ်သည်။

တန်းတင်ဘုရားပွဲစည်ကားရခြင်းအကြောင်းအရင်းမှာ တန်ခူးလ ဘုရားပွဲကာလ ဓတ်တော်ကွန့်မြူးတောက်ပခြင်းကြောင့် ဖူးမြော်လိုသော ဧည့်ပရိတ်သတ်များဖြင့် အထူးစီကားနေခြင်းပင်ဖြစ်သည်။
ဘုရားပွဲ ကာလအတွင်း ဘုရားပွဲလာပရိတ်သတ်များသည် နေရေးထိုင်ရေး အနည်းငယ်အခက်အခဲရှိသော်လည်း စားရေးသောက်ရေးအတွက်ပူပင်စရာမလို အနီးအနားရွာများမှ စေတနာသဒ္ဒါတရားထက်သန်လှသော အလှူရှင်များကား လာရောက်သမျ ဧည့်သည်များအား မနက်ညမပြတ်ကျွေးမွေးလျက်ရှိသည်။
ပိုက်ဆံမတတ်နိုင်သော သူများက မိမိတို့လုပ်အားဖြင့် ထင်ရှာပေးခြင်း အလှူ အတွင်းချက်ပြုတ်ပေးခြင်းကို တတ်အားသမျပါ၀င်ကုသိုလ်ယူကြသည်။
ဘုရားပွဲလာ ပရိတ်သတ်များအားထမင်းကျွေးမွေးကုသိုလ် ယူချင်သူ အလှူ ရှင်များပြားလွန်းလှသောကြောင့် မဲနိုက်၍ပင် အလူရှင် ရွေးရသည်။
ဤသည်ကား ချစ်စရာကောင်းလှသော မြန်မာလူမျိုးတို့ ဓလေ့စရိုက်များထဲမှတစ်ခုပင်ဖြစ်သည်။
ဘုရားပွဲကာလအတွင်း နာမည်ကျော်ဇတ် အဖွဲ့များ ရုံသွင်းပြသ၍ တမျိုး   အလကားပြသောအဖွဲ့များဖြင့် တဖုံ စျေးဆိုင်တန်းများ စားသောက်ဆိုင်များ ဆီမီးရောင်တထိန်ထိန်ဖြင့် ဘုရားပွဲကာလ သုံးရက်အတွင်း ဘုရားကွင်းတောင်ခြေဘုရားကွင်းအတွင်းစည်ကားသိုက်မြိုက်လျက်ရှိနေသည်။

မင်းခေါာင်သည် တမိုးတွင်းလုံး ဂျောင်ထဲထိုးထည့်ထားသော မျက်လှည့်သေတ္တာ လေးအား သိမ်းဆည်းထားရာမှထုတ်လာလျက် သူမျက်လှည့်ပြရာတွင်အသုံးပြုသော ပစ္စည်းများအား ပွတ်တ်ိုက်ဆေးကြောလျက် ရှိနေသည် 
တန်းတင် ဘုရားပွဲက နီးကပ်လာပြီမို့ ဘုရားပွဲအတွင်း မျက်လှည့်ပြသရန် အတွက်ဖြစ်သည်။
မင်းခေါတို့ ရွာသည် တန်းတင်ဘုရားနဲ့ တစ်နာရီခန့်အကွာအဝေးလောက်တွင်တည်ရှိသော ရွာလေးတစ်ရွာပင်ဖြစ်သည်။.
မင်းခေါင်မှာက အဖေမရှိတော့ သူ့ညီလေး ၅ နှစ်သားလောက်ကတည်းက ပင်ဆုံးပါးသွားသည်မှာ ခုသူ့ညီလေးပင် ၁၀ နှစ်တင်းတင်းပြည့်ပြီ ဖြစ်သည်။
သူ့အဖေသည် ဒီနယ်သားတစ်ယောက်မဟုတ်ပဲ နယ်လှည့်မျက်လှည့်ဆရာတစ်ယောက်ပင်ဖြစ်သည် နာမည်ကျော်တန်းတင်ဘုရားပွဲလာရင်း သူ့အမေနဲ့ ကြိုက်ကာ ဒီရွာလေးမှာပင်သောင်တင်နေခြင်းဖြစ်သည်။
သူ့အဖေသည် မျက်လှည့် အပြင်ပယောဂကုခြင်း စုန်းချွတ်ခြင်းများ ကိုတတ်ကျွမ်းသူတစ်ယောက်လည်းဖြစ်သည်။
န်ာလှည့်မျက်လှည့်ဆရာပီပီ ပညာစုံလျက် တချို့ မျက်လှည့်ပြကွက်များ မှာ  ထူးဆန်းလှသည်ဟု မင်းခေါင်ထင်သည်။
အဖေဆုံးတော့ မင်းခေါင် အသက် ၂၅ မင်းခေါင်သည် အဖေ့ မျက်လှည့် ပညာစိတ်နယ်လွန်ပညာများ ကိုအမွေအဖြစ်လက်ခံရရှိခဲ့သူဖြစ်သည်။
အဖေဆုံးတော့ မိသားစု စီးပွားရေးသည်  အစ်ကိုကြီးအဖရာ ဆိုသလို မင်းခေါင်အမေနဲ့ ညီလေးကို လယ်ယာလုပ်ငန်းလုပ်ကိုင်ရင်း ရှာဖွေကျွေးမွေးကာ မိသားစုမျက်နှာမငယ်အောင် မင်းခေါင်ကြိုးစားခဲ့သည်။

သူဘ၀သည်အမေနဲ့ ညီလေးအတွက်ပင်ဖြစ်ရမည်ဟုမင်းခေါင် ဆုံးဖြတ်ချက်ချပြီးသား....

အရပ်ရှည်ရှည် ချောမောခန့်ညားသော မျက်နှာ အလုပ်ကြမ်းလုပ်ဖန်များ၍ ကျစ်လစ်သော ခန္ဓာကိုယ် နေပူဒဏ်ကြောင့် နဂိုဖြူသော်လည်းကြေးနီရောင် သန်းနေသော အသားအရေဖြင့် မင်းခေါင်သည် ရွာထဲမှ မိန်းခလေးများ၏ သဘောကျနှစ်သက်ခြင်းကို ခံရသော်လည်း သူ့အနေ နဲ့ အသက်ရွယ်ထောက်နေသောအမေ လူမမယ် ညီလေး မျက်နှာကို ထောက်ကာ အိမ်ထောင်မပြုပဲနေလာခဲ့သည်မှာ သူ့အသက် ၃၀ တင်းတင်းပြည့်ပြီ။

" သားရေ ထမင်းကျက်ပြီ ထမင်းစားရအောင်"

အမေ ထမင်းစားလှမ်းခေါ်တော့မှ  သူအတွေးရေယဉ်ကြော ရပ်တော့သည်။

"ဟုတ်ကဲ့ အမေ ဒါနဲ့ ညီလေး  မင်းနောင်ကော တမနက်လုံးမတွေ့ပါလား"

"မိုးလင်းက ထွက်သွားတာခုထိပြန်မလာသေးဘူး ဒီကောင်လေးတော်တော် အဆော့မက်တယ် စားချိန်မသိ သောက်ချိန်မသိ"

"ခလေးပဲ အမေရာ သူလည်းဆော့ချင်ရှာမှာပေါ့"

"ခုဟာက လွန်းလွန်းလို့ပြော နေတာ စားချိန်တောင်မလာလို့ ဟောပြောရင်းဆိုရင်း လာပါပြီ ကိုယ်တောချော"

သူ့စွတ်ကျယ်အရှည်ကြီးက ရှည်လွန်းတာကြောင့် ပခုံးစနှစ်ဖက် ကြိုးထုံးပြီး၀တ်လျက် အရောင်လွင့် ဘောင်းဘီတိုတစ်ထည်၀တ်ပြီး ဘီးတပ် နွားလှည်းရုပ်ကလေးအားဆွဲကာပြန်လာသော မင်းနောင်အား ခြံပေါက်၀တွင်တွေ့လိုက်ရသည်။..

"ဗိုက်ဆာတယ် အမေရေ ထမင်းစားမယ်"

"သွားချင်ရာသွားပြီး ခုဗိုက်ဆာမှ အိမ်ပြန်လာရသလား မရှိတော့ဘူး အိုးဆေးမှောက်ထားပြီ"

မင်းနောင်က အမေ့စကားကို စပ်ဖြဲဖြဲ လုပ်ရင်း အိမ်ပေါ်ပြေးတက်ကာ မီးဖိုချောင်ထဲပြေး၀င်ရင်း အိုးခွက်ပုဂံများလှန်ကြည့်လိုက်ကာ....

"သိသားပဲ အမေ လိမ်မှန်း  ဟားဟား သားကိုလိမ်လို့ ဘယ်ရမလဲ"

"ဟေ့ဒီကောင်လေး လက်မဆေး ခြေမဆေးနဲ့ အိုးတွေကိုင်နေတယ် ဟေ့....

ဟား ဟား..ဟား   ...

သူ့ညီနဲ့ သူအမေ ဖြစ်ပျက်နေသည်ကိုကြည့်ပြီး မင်းခေါင်သဘောကျစွာဖြင့် တဟားဟား အောရယ်မိတော့သည်။

ထမင်းဝိုင်းလေးမှာထိုင်ပြီး အားလုံးစားသောက်နေရင်းမှ......

"အမေ သားသူငယ်ချင်း အောင်လှတို့  ရန်နိုင်တို့ ရှင်ပြု ကြတော့မယ်သူတို့အဖေ ဒီနေ့ပဲ ဘုန်းကြီးကျောင်းပို့လိုက်ပြီ  သားလည်းရှင်ပြုချင်တယ်အမေ"

မင်းနောင်စကားတခွန်းကြောင့် အမေစားမည်ကျန်နေသော ထမင်းလုပ်ပြုတ်ကျသွားသည်။
အမေခနငြိမ်သက်သွားပြီးမှ .. 

"အေးပါသားလေးရေ သားလည်းမကြာခင်ပြုရမှာပေါ့ကွယ်"

"တကယ်နှော်အမေ အမေတကယ်ပြောတာနှော် လိမ်မပြောရဘူး ငရဲကြီးတတ်တယ် "

ခလေးပီပီ သူဖြစ်ချင်ရာလျောက်ပြောနေသော မင်းနောင်စကားကြောင့် အမေသည် ထမင်းစားနေရင်းမှ မျက်ရည်များစို့တက်လာသည်ကို မျက်တောင်တဖျပ်ဖျပ်ခပ်ရင်း ထိန်းလိုက်သည်ကို မင်းခေါင်တွေ့လိုက်ရသည်။

"အေးပါသားရေ အမေ မလိမ်ပါဘူး  အမေဖြစ်အောင်လုပ်ပေးမှာပေါ့"

"ဟေး ဒါမှတို့အမေကွ  ဟိုကောင်တွေကို သွားကြွားရမယ် "

အမေသည် ထမင်းဝိုင်းမှ  အရင်ဆုံးထထွက်သွားသည်။

မင်းခေါင်လည်းထမင်းစားချင်စိတ်မရှိတော့ ရင်ထဲမှဆို့နင့်သလိုကြီးဖြစ်နေသည်။
သူတုန်းက အဖေမသေခင်က ရှင်ပြုလိုက်ရသော်လည်း ခုညီငယ်အလှည့်ကျတော့ ဟိုနှစ် ဒီနှစ်ဖြင့် အထမမြောက် ပေ။
ဒီနှစ် စပါးပေါ်ချိန် ရှင်ပြုရန်မှန်းထားသော်လည်း မိုးတွင်းက သူ့အမေ မကျန်းမာ၍ စပါးတိုး ချေးကာ ကုလိုက်ရသည်မှာ အိမ်စားရုံ ၀မ်းဆာပင်အနိုင်နိုင်....
မင်းခေါင်လထမင်းစားချင်စ်ိတ်မရှိပဲ ထထွက်လာရင်းမှ အိမ်အောက် သရက်ပင်ကြီးဘေးကွပ်ပြစ်တွင် ဆေးပေါ့လိပ်တစ်လိပ်ထိုင်ဖွာရင်း သူ့ပိုက်ဆံဘယ်လိုရှာရမလဲဆိုတာတွေးနေမိသည်။
ဒီအချိန်ဆို အမေ သည်တရူံရူံဖြင့်  သားလိုအင်ဆန္ဒမဖြည့်ပေးနိုင်သော မိခင်တစ်ယောက်ရဲ့သောကဖြင့် ကျိတ်င်ိုနေမည်မှာမလွဲပေ။

မနက်ဖြန်တန်းတင် ဘုရားပွဲစတော့မည်ဖြစ်သည်။
မင်းနောင်သူ့မျက်လှည့်ပြကွက်များအားအသည်းအသန်လေ့ကျင်နေမိသည်။
တစ်နှစ်တစ်ခါ ဒီဘုရားပွဲတွင် ပြကွက်ကောင်းလေးများ ပြသနိုင်ဖို့ပြန်လေ့ကျင့်နေခြင်းပင်ဖြစ်သည်။

........................................................................

တန်းတင်ဘုရားပွဲကြီးသည် စည်ကားသိုက်မြိုက်စွာဖြင့် ရှိနေပြီဖြစ်သည် လွင်တည်းခေါင်မြေကွက်လပ်ကြီးသည်။
စားသောက်ဆိုင်များ စျေးဆိုင်တန်းများ ရဟတ်ကွင်းများ ဇတ်စင်ကြီးများနဲ့အတူ အနယ်နယ် အရပ်ရပ်မှ လှည်းဖြင့်တသွယ် မော်တော်ဘုတ်ဖြင့်တမျိုး လာရောက်ကြသော ဘုရားဖူးခရီးသွားများ ကွင်းလုံးပြည့် ပြည့်လျံနေသည်။
ကြော်လှော်ချက်ပြုတ်ရာမှ ထွက်လာသောအနံ့. အမွေးတိုင်နံ့ ရေနံ့ ဆီမီးခွက်မှ ထွက်လာသော အနံ့များ လှပျို ဖြူလေးများပြင်ဆင်ချယ်သရာမှ ရသောရနံ့များ များသည်
တောဘုရားပွဲများတွင်သာ ရှိနေကျ ရနံ့မျိုးဟု မင်းခေါင်မှတ်ချက်ချမိသည်။
သူတို့ ဘုရားပွဲရောက်တော့ ညနေ ၆ နာရီခန့်ရှိပြီဖြစ်သည်။
သာတို့ဆိုသည်မှာ သူ့ညီမင်းနောင်သည် သူ့အားဘုရားပွဲလိုက်ရန်ပူဆာ ဂျီကျသည်ကို သူမခေါ်၍ အော်ငိုကာ အမေ့ဆီသွားတိုင်၍ အမေ့ခွင်ု့ပုမိနဲ့ လိုက်လာခြင်းပင်။
အမေသည် မင်းနောင်အား အသက်ကြီးမှရသည့်အပြင် ဖတဆိုးလေးမို့အချစ်ပိုသည်။
ဒါကို မင်ခေါင်ကျေနပ်ပါသည် သူအိမ်တွင် ရှိနေချိန်ကနည်း၍ အမေသည် မင်းနောင်ဖြင့်သာအဖော်ပြုနေရသည်ကများသည်။

"မင်းနောင် အစ်ကို လက်ကိုမလွတ်နဲ့နော် လူကွဲသွားရင်ရှာဖို့မလွယ်တော့ဘူး"

" ဟုတ် .."

မင်းနောင်ကားဘေးပတ်၀န်းကျင် မြင်ကွင်းဆန်းများကို တအံ့တအြ ကြည့်ရင်း သူ့လက်တဖက်အား တင်းကြပ်စွာ ဆုပ်ကိုင်ရင်းလိုက်ပါလာသည်။

မင်းခေါင်လူအုပ်ကြီးက်ို တိုးဝှေ့ရှောင်ရှားရင်း ဆီးမီးရောင် တထိန်ထိန် ဖြင့် သပ္ပါယ် စွာရှိနေသော ဘုရားဖက်သို့လျောက်လာခဲ့သည်။
ဘုရားတောင်ပေါ်ရောက်တော့ ပါလာသော ဆီမီးအမွေးနံ့သာများ ကပ်ညှိပူ ဇော်ရင်း ဘုရားရင်ပြင်တော်မှပြန်ဆင်းလာကာ  ပွဲစျေးတန်းအပြင်ဖက်လွတ်နေသော နေရာတွင်
မိုးကာစများခင်း၍  ဖယောင်းတိုင်ကြီးသုံးတိုင် စီတန်းထွန်းကာ သူ့မျက်လှည့်ပွဲစတင်ရန် လင်ကွင်းတချမ်းချမ်းတီးလျက် လူစုလိုက်သည်။

အစပထမ လူတစ်ယောက်နှစ်ယောက် မှ စတင်ကာ မင်းခေါင်အနီး လူတဖြည်းဝိုင်းလာပြီဖြစ်သည်။

မင်းခေါင်ပြကွက်များမှာ..... 

ဘာမှ မရှိသော လက်အားလေပေါ်စှေ့ယမ်းလိုက်ချိန် နှင်းဆီ ပန်းတစ်ပွင့်လက်အတွင်းရောက်လာခြင်း.....

ကြိုးတစ်ပင် အားအ၀တ်ဖြင့်အုပ်လိုက်ကာ ပြန်ဖွင့်လိုက်ချိန် မြွေပြန်ဖြစ်နေခြင်း...

ပရိတ်သတ်တယောက်ထံမှ လက်စွတ်တကွင်းတောင်းယူရင်း အဝေးသို့လွင့်ပစ်ပြီးမှ ထိုသူထံပြန်ရောက်နေခြင်း စသော ပြကွက်များအပြင် ပြကွက်အဆန်းများဖြင့်ဖျော်ဖြေနေတော့သည်။

ပရိတ်သတ်များမှာ ဟင်ခနဲ ဟာခနဲ ပြီးလက်ခုပ်သံတဖြောင်းဖြောင်းဖြင့်ပွဲကျနေလျက်ရှိသည်။

ထို့အတူ သူရှေ့ဖလားအတွင်း ပရိတ်သတ်ချီးမြင့်ထားသောဆုကြေးငွေအတော်ရနေပြီဖြစ်သည်။

ညတစ်နာရီထိုးလောက်မှ ပရိတ်သတ်အားတောင်းပန်ပြန်လွတ်ရင်းမျက်လှည့်ပွဲအားသိမ်းလိုက်သည်။
မင်းနောင်ကား သူနောက် မျက်လှည့်သတ္တောဘေးတွင်အိပ်မောကျနေပြီ...
မင်းနောင်လည်းမျက်လှည့်ပစ္စည်းများသိမ်းဆည်းပြီး မင်းနောင်အား လူပ်နိုးကာ ပွဲစျေးအတွင်း မုန့်များ ၀ယ်စားကြရင်း မှ အိပ်ချင်လာ၍ ဘုရားကင်ပြင်မှ လွတ်နေသော ထောင့်လေးတွင် ၀င်ခွေရင်း နှစ်ယောက်သား အိပ်လိုက်ကြတော့သည်။

ဘုရားပွဲသုံးရက်အတွင်းမင်းခေါင်အိမ်သို့မလာရန်အမေ့အားမှာခဲ့ပြီးသားမို့ နေ့လည်ပိုင်းတွင်ပါ သူ့မျက်လှည့်ပွဲအားဆက်တိုက်ပြသလာသည်မှာ ယခဆို ပိုက်ဆံအတော်ပင်ရနေချေပြီ။

ယနေ့သည်  ဘုရားပွဲနောက်ဆုံးရက်ပင်ဖြစ်သည် ထပ်ရောက်လာသောဘုရားဖူးခရီးသွားများဖြင့်နောက်ဆုံးနေ့ကားပိုစည်ကားလျက်ရှိနေသည်။

မင်းခေါင်နေ့လည်ပိုင်း အရိပ်ကောင်းရသော ညောင်ပင်ကြီးအောက်တွင် ခါတိုင်းလိုပင်မျက်လှည့်ပြကွက်များပြသနေလျက်ရှိသည်။.
ညနေ နေနည်းနည်းစောင်းပွဲသိမ်းပြကွက်ပြပြီးသိမ်းရန်ပြင်ဆင်နေချိန်  .....

တောက်တောက်ပြောင်ပြောင်၀တ်ဆင်ထားသောလူကြီးနှစ်ဦးသူရှေ့ရောက်လာသည်။
လူကြီးနှစ်ယောက်ပုံစံကြည့်ရုံမျဖြင့်ပင် ကြေးရတတ်လူချမ်းသာများဆိုတာပေါ်လွင်နေသည်။

" ဒီကမောင်ရင် လေးပြသွားတဲ့ ပြကွက်တွေက အရမ်းကောင်းတာပဲ "

ထိုသူနှစ်ယောက်ထဲမှ ခပ်၀၀ လူကြီးကစကားစတင်ပြောလိုက်ခြင်းပင်ဖြစ်သည်။

"ဟုတ်ကဲ့  ကျေးဇူးပါဦး ဒီလောက်လည်း မဟုတ်ပါဘူး"

"ဘယ်ကလာမဟုတ်ရမှာ လည်းမောင်ရင်လေးကြွက်တွေ ကအရမ်းအဆင့်မြင့်တယ်
နောက်ပြီး ဦးခပ်ငယ်ငယ်က ကြည့်ဖူးတဲ့ မျက်လှည့်ဆရာတစ်ယောက်ပြကွက်တွေနဲ့တူတယ်  အရမ်းတော်တဲ့ မျက်လှည့်ဆရာတစ်ယောက်ပဲ  ဒါနဲ့မောင်ရင်လေးကရော ဘယ်ကနေသင်ထားတာလဲ"

"ကျွန်တော်ဖေဖေ မဆုံးခင်သင်ပေးခဲ့တဲ့ ပညာတွေပါ"

"ကဲ ကိုထင်ကျော် ပြန်ကြရအောင် "

"ခင်ဗျားပြောပြော နေတဲ့ ပညာရပ်မရှိပါဘူးဗျာ"

ခပ်၀၀လူကြီးမျက်နှာသည် ဒေါသဖြင့် နီရဲသွားပြီး .......

"ဒီမှာ ကိုအောင်သောင်းကျူပ်မျက်စ်ိနဲ့ တပ်အပ်မြင်ခဲ့ရတာကျူပ်ကိုယ်တိုင် သေချာစမ်းသပ်ခဲ့တာ "

"ဟင်း...ဟင်း...လူတစ်ယောက် ကိုအသက်မဲ့အောင်လုပ်ပြီး အသက်ပြန်သွင်းတဲ့ ပညာ လောကကြီးမှာ မရှိပါဘူးဗျာ"

"ရှိတယ်ဗျ ရှိတယ် ကျူပ်လက်တွေ့ကြုံခဲ့တွေ့ခဲ့တာ"

"ဦးတို့ပြောနေတာ ဝိညာဉ်ပျောက်အတတ်ထင်တယ်"

မင်းခေါင်တစွန်းတစ၀င်ပြောလိုက်သောစကားကြောင့် ခပ်၀၀လူကြီးမျက်နှာသည် အံ့အြတကြီးဖြစ်ပြီး ၀မ်းသာသွားဟန်ဖြင့်....

"အဲပညာကိုမောင်ရင်လေးသိတယ်..ဟုတ်လား တတ်ရင် ဒီလူကိုတစ်ချက်ပြလိုက်စမ်းပါကွာ ဦးခပ်ငယ်ငယ်က မျက်လှည့်ဆရာကြီးတစ်ယောက် ပြတာကြည့်ဖူးတယ် 
လူအရှင်လတ်လတ်ကသေ သွားပြီး ပြန်အသက်ရှင်လာအောင်လုပ်တာ ဘာ..ဝိညာဉ် ဖျောက်အတတ်..ဟုတ်လားမောင်ရင်လေး"

"ဟုတ်ပါတယ် ဒါပေမယ့် ကျွန်တော်မပြပါရစေနဲ့ ဦးအရမ်းအန္တရယ်များလို့ပါ"

"ဖြစ်နိုင်ရင်ပြစမ်းပါမောင်ရင်လေးရယ် ဒီတစ်ယောက်က ကျု ပ်ကိုလှောင်နေတာ ကြပြီမောင်ရင်လေး ဒီပြကွက် ပြလို့ မနစ်နာစေရပါဘူး"

လူကြီးက သူ့ဘေးလွယ်အိပ်အတွင်းမှ ငွေစက္ကူအထပ်လိုက်ကြီး ဆွဲထုပ်ကာ သူ့ရှေ့မှဖလားအတွင်းထည့်လိုက်သည်။

မင်းခေါင်တသက်တွင်ဒီလောက်များပြားသောငွေပမာဏအားကိုင်ဖူးဖို့မပြောနဲ့ မြင်တောင်ခုမှမြင်ဖူးခြင်းဖြစ်သည်။
သို့သော်လည်း
သူ့ကိုသူ့အဖေ ဒီပညာစသင်ကတည်းကမှာထားသောစကားတစ်ခွန်းရှိသည်။
ဒီပညာကိုဘယ်တော့မှထုပ်မသုံးရန်ပင်
အကယ်၍ ဝိညာဉ် နဲ့ ကိုယ်ခန္ဓာခွဲထားချိန် အချိန်မှီ  ကိုယ်အတွင်းပြန်မသွင်းနိုင်ပါက ဝိညာဉ် သည်ကိုယ်အတွင်းပြန်မ၀င်နိုင်တော့ပဲအသက်ဆုံးရူးရတတ်သောကြောင့်ပင်ဖြစ်သည်။
သို့သော် သူ့ရှေ့ကငွေအထပ်လိုက်သည် မျက်လုံးမခွာချင်လောက်အောင်ပင်တပ်မက်စရာကောင်းလွန်းလှသည်။
ပြီးတော့ အမေဆန္ဒ အမေမသေခင် ညီလေးအားရှင်ပြု ပေးသွားချင်သောဆန္ဒသည်ပြည့်၀နိုင်သည်။ အသက်နဲ့လဲထပ်ရသော အလောင်းအစားကို လည်းသူအနည်းငယ်ကြောက်နေသည်။

"ကျွန်...တော်..."

ပြပါဗျို့. တခါမှမမြင်ဖူးသေးဘူး အဲလိုပြကွက်မျိုး ....

ပရိတ်သတ်များသည်လူစုခွဲနေရာမှတစ်ယောက်စကားတစ်ယောက်နားဖြင့် လူစုကြီးသည်ပြန်လည်ပြည့်နှက်လာပြီဖြစ်သည်။
မငးခေါင်ဆုံးဖြတ်ချက်တစ်ခုခိုင်မာစွာချလိုက်ရင်း...

"ကျွန်တော်အဲပြကွက်ကို ပြပါမယ် အချိန်အတိုင်းအတာတစ်ခုပြည့်တာနဲ့ ဝိညာဉ် ပြန်ထည့်ရမှာမို့ သိပ်အကြာကြီး လူသေလို နေခိုင်းလို့မရပါဘူး ဒါကိုတော့  ဦးနားလည်ပေးပါ"

" ရပါတယ်ကွာ မင်းသတ်မှတ်ချိန်မကျော်စေရပါဘူး"

မင်းခေါင် သတ္တောအတွင်းမှ  လိုအပ်သောပစ္စည်းများထုတ်လိုက်ရင်းမှ..
သူ့ညီအားတစ်ချက် ကြည့်လိုက်သည်  တခြားသူအားရွေးစရာအခွင့်အရေးသူ့မှာမရှိသူ့ ညီသည် လိပ်ပြာအလွင့်ခံမည့်သူအဖြစ်အိုက်ရူးရဲဆန်စွာသူရွေးချယ်လိုက်သည်။

"ကိုကြီးကို ယုံပါ ညီလေးရယ် "

တီးတိုးရေရွတ်လိုက်မိသည်။
မင်းနောင်ကားသူတို့ ပြောစကားများအားစိတ်မ၀င်စား စင်ထောင့် ညောင်ပင်အောက်တွင် ပွဲစျေးမှ သူ၀ယ်ပေးထားသော အရုပ်ကလေးများဖြင့် ပျော်ရွင်စွာဆော့နေသည်။
မင်းခေါင်သူ့ညီနားသွားလိုက်ရင်း ...

"ညီလေး ဒီတခါအကိုကြီးမျက်လှည့်ပြမလို့ ညီလေးပါပါမလား"

" ညီလေးပါပါရမယ်ဟုတ်လား အင်းပါမယ်"

ညီဖြစ်သူကမဆိုင်းမတွပင်ပြန်ဖြေတာကြောင့် မင်းခေါင်းညီဖြစ်သူအားတချက်ပြုးပြလိုက်ရင်း.....

"လာ ညီလေးက ဒီမှာ အိပ်ပြီး မျက်လုံးမှိတ်ထား အကိုကြီး ပြောတာကိုသေချာနားထောင်နော်"

ပရိတ်သတ်သည် မီးကို ရေနဲ့ ငြိမ်းလိုက်သည့်အလားငြိမ်သက်တိတ်ဆိတ်စွာဖြင့် သူလုပ်ရပ်အားစိတ်၀င်တစားစောင့်ကြည့်နေကြသည်။

သူခွက်ကလေးတစ်ခုထုတ်လိုက်ပြီး ဆေးမူန့်များအနည်းငယ်ဖြန်းထည့်မီးရိူ့လျက် ငြိမ်ငြိမ်လေးလှဲနေသော ညီဖြစ်သူနှာ၀နားတေ့လိုက်သည်။

ထို့နောက် အင်းပြားများ မီးရိူး
့လျက် မန္တတပုတ်အား တီးတိုး ရွတ်ဆိုကာ ညာဘက်ခြေမလေးတွင် ရွေရောင်ချည်မြင်လေးတစ်ပင် ချည်လိုက်ပြီး ဖန်ပြွန်သဏန် ဗူးးငယ်လေးဖြင့်ဆက်သွယ်လိုက်ပြီး
သူလုပ်ငန်းအဆုံးသတ်လိုက်သည်။
သူ့လုပ်ငန်းသည်နာရီ၀က်နီးပါးခန့်တော့ကြာမြင့်သွားသည်။
ခနအကြာ ဖြည်းညှင်းစွာ အသက် ရူနေသော ညီဖြစ်သူတစ်ကိုယ်လုံးတောင့်တင်းသွားသည်။
သူ့လုပ်ငန်းတ၀က်အောင်မြင်ချေပြီ..

"ကဲ ဦးတို့နှစ်ယောက်ပဲ ဒီကိုလာပြီးစမ်းသပ်ပါ"

ထိူလူကြီးနှစ်ယောက်သည် နှာခေါင်းကိုလက်ဖြင့် လေခံကြည့်လိုက် လက်ကောက်၀တ်ျသွးခုန်နူးအား စမ်းလိုက် ရင်ဘတ်အားနားကပ်ထောင်လိုက်ဖြင့်စမ်းသပ်ရင်း...
ဦးထင်ကျော်ဆိုသူက အားရ၀မ်းသာ မျက်နှာဖြင့် 

"ဘယ်လိုလဲ ကိုအောင်သောင်း"

"ဟုတ်တယ်ဗျာ ခင်များပြောတုန်းကလုံး၀မယုံခဲ့ဘူး ခုလက်တွေ့ကြုံမှယုံရတော့တယ် ဒီကောင်လေး သေနေပြီ"

"ကဲဦးလေး တို့စမ်းသပ်ပြီးရင်အပြင်ခနထွက်ပေးပါ ကျွန်တော်လုပ်စရာလေးတွေရှိသေးလို့"

ထိုလူကြီးနှစ်ယောက်ထွက်သွားမှသူလုပ်ငန်းပြန်စတော့သည် ဝိညာဉ် ပြန်သွင်းရန်ပင် ....

သူဝိညဉ်ခေါ်ဂါထာမန်းမူတ်နေချိန် မှာပင်မထင်မှတ်သော အဖြစ်အပျက်တစ်ခုဖြစ်လာသည်။

ထောက်

ညီငယ်ဖြစ်သူ၏ ခြေထောက်မှကြိုးပြတ်သွားခြင်းပင်..ကြိုးပြတ်သံထောက်ကနဲဆိုသောအသံသည်သူ့နားတွင် မီးတောင်ကြီးပေါက်ကွဲသွားသလိုပင်ရှိသည်။
သူစိတ်ပူပန်မူသည်အဆုံးထိမြင့်တက်သွားသည် အနှေင့်အယှက်ပေါ်ပြီ သူထိန်းချုပ်ထားသော ဝိညဉ်အား သူ့ထိန်းချုပ်မူအောက်မှ ဖယ်ထုတ်လိုက်ခြင်းပင်ဖြစ်သည်။

မင်းခေါင်ရွတ်နေသော ဂါထာရပ်လိုက်ရင်းမှ
ပရိတ်သတ်ဖက် မျက်နှာမူလိုက်ရင်း

"ကျွန်တော့်အလုပ် ကိုနှောင့်ယှက်သူတစ်ယောက်ရှိနေပါတယ် ကျွန် တော်တောင်းပန်ပါတယ်အချိန်မှီသာ ကျွန်တော်ညီလေးဝိညဉ်ပြန်မထည့်နိုင်ရင်ကျွန်တော့်ညီလေး အသက်ဆုံးရူးရပါလိမ့်မယ် ဒါကြောင့်ပြန်လွတ်ပေးပါလို့ကျွန်တော် တောင်းပန်ပါတယ်"
ပရိတ်သတ်အသံများတစ်ယောက်တစ်ပေါက်ဆူညံနေသလို မင်းခေါင်ရင်ထဲတွင် စိုးရိမ်စိတ်ဖြင့်ဗလောင်ဆူနေပြီဖြစ်သည်။
"ကျွန်တော်နောက်တစ်ခေါက်ထပ်တောင်းပန်ပါတယ်ကျွန်တော်ပညာရှင်မဟုတ်ဘူးတကယ်လို့ပညာစမ်းနေတယ်ဆိုရင်လည်း ကျွန်တော်အရူးပေးပါတယ်ပြန်လွတ်ပေးပါလို့. အချိန်ကပြည့်တော့မှာမို့ပါ တောင်းပန်ပါတယ်....

မင်းခေါင်မျက်ရည်များကျကာ ပရိတ်သတ်ဖက်ငိုယိုရင်းအကြိမ်ကြိမ်တောင်းပန်နေသည်ထူးခြားမလာခဲ့ပေ။

အချိန်ပြည့်ပြီ။

မင်းခေါင်ဒူးထောက်ထိုင်ချရင်းသည်းထန်စွာဖြင့်ညီငယ်ဖြစ်သူအလောင်းအားဖက်၍ ငိုချလိုက်သည်။
"ညီလေးရယ် အစ်ကိုကြီးက်ို ခွင့်လွတ်ပါ မင်းကို အစ်ကိုကြီးသတ်တာပါ

အရူးတစ်ယောက်လိုညီငယ်ဖြစ်သူ အလောင်းအားဖက်၍ အော်ဟစ်ငိုယ်ိုနေသော မင်းခေါင်အားမျက်လှည့်ပွဲစရန်စီစဉ်သော လူကြီးအပါအ၀င် လူအုပ်ကြီးသည် စိတ်မကောင်းစွာဖြင့် ငြိမ်သက်စွာရှိနေကြသည်။

ပတ်၀န်းကျင်တိတ်ဆိတ်မူသည်အပ်ကျသံကိုပင်ကြားရမလားမှတ်ထင်မှားနေရချိန်မင်းခေါင်ဖြည်းညင်းစွာမတ်တပ်ရပ်လိုက်သည်။

သူ့မျက်နှာသည် အစောကအသွင်အပြင်အပြင်မျိုးမဟုတ်ပံ အံကြိတ်ထားဟန်ဖြင့်မေးရိုးကြီးများထောင်ထလျက် ငိုထား၍ ရဲရဲတောက်နေသောမျက်လုံးများသည် ဒေါသကြောင့် အခိုးထွက်မတတ်ပင်ဖြစ်နေသည်။

ကျွန်တော်ကို ငှက်ပျောပင်အပင်ပျို တစ်ပင်လောက်ကူညီပေးကြပါလား အပင်ပျို(အသီးမသီးရသေးသောအပင်)

သူ့စကားဆုံးသည်နဲ့ ပရိတ်သတ်ထဲမှယေက်ကျားကြီးတစ်ယောက်သည်ခပ်လှမ်းလှမ်းတွင်ရှိနေသောငှက်ပျောတောမှ အပင်တစ်ပင်အားအလျင်မြန်ခုတ်ကာပြန်ရောက်လာသည်။
မင်းခေါင်ကငှက်ပျောပင်အား သူညီခြေရင်းတွင်တွင်းတူးစိုက်လျက်  ငှက်ပျောပင်အားငွေရောင်အပ်ချည်ဖြင့်ပတ်ချည်ကာ ကြိုးတစ်စအားသူ့ညီ ဘယ်ဖက်ခြေမတွင်ချည်လိုက်သည် ထို့နောက် ဂါထာတပုတ်တီးတိုးရွတ်ဆိုလိုက်ရင်းငှက်ပျောပင်ကြီးအားဓားဖြင့် ပိုင်းချလိုက်သည်။

၀ုန်း

၀ုန်း

ပထမအသံမှာ ငှက်ပျောပင်အဖျားမြေပေါ်လဲပြိုသံဖြစ်ပြီး 
ဒုတိယအသံမှာကားရပ်ကြည့်နေသောလူအုပ်အတွင်းမှလဲကျသံဖြစ်သည်။

ဟာ ...
ဟင်...ဟယ်

မတူညီသော အမေဋိတ်သံမျိုးစုလူအုပ်ကြားမှထွက်လာသည်။
လူအုပ်အတွင်းလဲကျနေသူမှာ အဘွားအိုတစ်ယောက်ဖြစ်ပြီးထူးခြားသည်ကားလည်ပင်းမှသွေးတစိမ့်စိမ့်ထွက်ကာသေဆုံးနေခြင်းပင်ဖြစ်သည်။

"ဒါ ငါတို့ရွာ စုန်းမကြီး ဒေါ်မြသာ ပဲ ဘယ်လိုဖြစ်တာလဲ"
အားလုံးသောမျက်လှည့်ကြည့်ပရိတ်သတ်များ
 စုန်းမကြီးဆိုသူအားဝိုင်ကြည့်နေကြချိန် သူ့့ညီအလောင်းအားပွေ့လျက်မင်းခေါင်လူအုပ်ကြားမှထွက်လာခဲ့သည်။

မျက်လှည့်ပစ္စည်းများ ပိုက်ဆံများသည် ဒီအတိုင်းပင်ကျန်နေရစ်ခဲ့သည်။

၀င်လုဆဲနေရောင်အောက်တွင်လေးပင်သောအလောင်းတစ်လောင်းကိုပွေ့ချီပြီးသွားနေသောသူတစ်ယောက်သည် အရူးတစ်ယောက်လို ပါးစပ်မှစကားများလည်းတတွတ်တွတ် ရွတ်လျက်ရှိသည်။

အမေက်ို ငါဘယ်လိုပြောရမှာလည်း ညီလေးရယ် .. . ......
မင်းကိုတခြားသူသတ်တာမဟုတ်ဘူးငါကိုယ်တိုင်သတ်လိုက်တာ..... အစ်ကိုကြီးသတ်လိုက်တာပါကွာ.......

ငါသတ်တာ ငါ့ကိုခွင့်မလွတ်ပါနဲ့ညီလေးရေ.......

(ပြီးပါပြီ)

#
#crd

Comments

Popular posts from this blog

🌑ညဆိုး🌑

ဘီလူးအော်သံ(တာတေ)

ပုဏ္ဏကတိုက်တဲ့ အိမ်ကြီး