ဂုဏ်တော်အစွမ်းနှင့်အောက်လမ်းဆရာ

ဘုရားဂုဏ်တော်အစွမ်းနှင့်အောက်လမ်းဆရာ
*********************************
           "အောင့်တယ်…အောင့်တယ်"
ဟူ၍အော်နေသောမောင်ကျော်မိုး၏အော်နေသော
အသံသည်စူးနစ်စွာထွက်ပေါ်လာ၏

မောင်ကျော်မိုး၏ဖခင်နှင့်အကိုဖြစ်သူတို့မှာခြေမကိုင်မိ
လက်မကိုင်မိဖြစ်နေကြသည်

        မောင်ကျော်မိုး၏အော်သံမှာလည်း
ပို၍ကျယ်လာပြီးအော်သံစိပ်လာသဖြင့်အ်ိမ်နီးချင်းများမှ
အားလုံးဝိုင်းအုံလာကြသဖြင့်သူတို့အိမ်တွင်လူများပြည့်
ကျပ်သွားသည်

       တစ်ယောက်ကပြေးခေါ်သဖြင့်
ဗိန္နောဆေးဆရာဦးဖြူသီးရောက်လာပြီးတိုင်းရင်းဆေး
များတိုက်ကြွေးသော်လည်းအအောင့်ကမပျောက်သဖြင့်
မြို့ဆေးရုံပို့ရန်အကြံပေးကြသည်

         ထိုအချိန်မှာပင်ရွာဦးကျောင်းဆရာတော်
ဦးသုတဆွမ်းခံကြွလာ၏အိမ်ထဲသို့ဝင်လိုက်သည်နှင့်
မောင်ကျော်မိုးမချိမဆန့်အော်လိုက်သောအသံများက
ဆီကြိုလျက်ရှိသည်

       ထို့ကြောင့်သပိတ်ချပြီးလူနာထံကြွသွား၏
အသင့်ခင်းထားသောနေရာပေါ်ထိုင်ပြီးသည်နှင့်အကျိုး
အကြောင်းမေးလေ၏

"မောင်ကျော်မိုးဘာရောဂါဖြစ်တာလည်း"
ဟုမေးလေသည်

မည်သူမှဦးဆောင်၍ဖြေသူမရှိ

မောင်ကျော်မိုး၏ဖခင်မှဗိုက်အောင့်တာပါဘုရားဟု
ဖြေးဖြေးလေးပြန်လျှောက်၏

ဆရာတော်မှ
"ရောဂါကြောင့်လားမတည့်စာစားမိလို့လား"

ထိုအမေးကိုမည်သူမှဖြေသံမကြားသူတို့မျက်နှာများ
မှာကြောက်လန့်နေသည့်လဏ္ခာတွေ့ရသည်

ထိုအချိန်မှာပင်မောင်ကျော်မိုး၏အကိုဖြစ်သူမှရဲဝံ့စွာ

"ဝေဒနာကြောင့်ပါဝေဒနာမှရိုးရိုးဝေဒနာမဟုတ်ပါဘုရား"

"ဒါဆိုရင်ဘယ်လိုဝေဒနာမျိုးလည်းကွဲ့"

"အောက်လမ်းဆရာလုပ်ထားတာပါဘုရား"

"ဒါကိုဘယ်လိုသိရတာလည်းကွဲ့"

"တင်ပါ့ခုမနက်ပိုင်းမောင်ကျော်မိုးဦးသာဒင်ရဲ့အိမ်ရှေ့
ကအဖြတ်ဦးသာဒင်မွေးထားတဲ့ခွေးကမောင်ကျော်မိုး
ကိုလိုက်ပြီးဆွဲပါတယ်အဲ့ဒီမှာမောင်ကျော်မိုးကအုတ်ခဲ
ပိုင်းနဲ့ပစ်လိုက်တာခွေးနှာနုရိုးထိပြီးအော်ပြေးပါတယ်
ဦးသာဒင်ကသူ့ခွေးအော်သံကြားပြီးခြံအပြင်ထွက်လာပြီး
မောင်ကျော်မိုးနောက်ကျောကိုလက်ညှိုးနဲ့ထိုးပြီးမြေကြီး
ကိုသူဖနောင့်နဲ့ပေါက်လိုက်တာတဖက်ကလာနေတဲ့
တပည့်တော်ကိုယ်တိုင်တွေ့လိုက်ရပါတယ်ဘုရား"

"အဲ့ဒါနဲ့မောင်ကျော်မိုးအိမ်ရောက်ပြီးအခုလိုအောင့်ပြီး
လူးလိမ့်နေတာပါပဲဘုရား"ဟုလျှောက်လေသည်

"ဆရာတော်ကအနည်းငယ်စဉ်းစားပြီး"

"ဒါဆိုဖြစ်နိုင်တယ်ဦးသာဒင်အရင်လူတွေကိုရောအခုလို
လုပ်ဖူးလား"

"လုပ်ဖူးပါတယ်ဘုရားမောင်ကျော်မိုးနဲ့ဆိုလူမနည်းတေါ့
ပါဖူးအဲ့ဒီလိုဖြစ်ပြီဆိုဘယ်ဆေးဆရာနဲ့မှကုလို့မရပါဘူး
ဦးသာဒင်ကုပေးမှပျောက်ပါတယ်ခုတပည့်တော်တို့သူ့
ဆီဆေးမကုချင်လို့တခြားဆရာနဲ့ကုနေတာပါဘုရား"

"ဆရာတော်ဦးသုတရိပ်မိသွား၏အောက်လမ်းဆရာဆို
တာရက်စက်သည့်နေရာမှာနှစ်ယောက်မရှိသူတပါးကို
ဒုက္ခများများပေးနိုင်လေသူတို့ပညာတတ်လေဖြစ်၏"

"ယ္ခုလက်တွေ့အသုံးချရတော့မည်ထို့ကြောင့်လည်း
ထည်သွားတွင်ကပ်နေသောမြေကိုယူခိုင်းပြီးလျှင်"

"အဋ္ဌာနမေတံပါဋိတော်ကိုငါးခေါက်ဘုရားဂုဏ်တော်
ကိုးပါးကိုငါးခေါက်မန်းပြီးမောင်ကျော်မိုးအားတိုက်လိုက်
လေသည်"

"ဘုရာဂုဏ်တော်အံ့မခန်းပါတကား"

မောင်ကျော်မိုးတယောက်ထည်သွားမြေကြီးရေစိမ်ကို
သောက်ပြီးဗိုက်အောင့်ရောဂါချက်ခြင်းပျောက်သွား၏
လူအများဘုရားရှင်၏ဂုဏ်တော်ကိုပိုမိုယုံကြည်လာကြ
သည်

မောင်ကျော်မိုး၏ဖခင်မှ
"အရှင်ဘုရားဒီလူရှိနေသရွေ့တပည့်တော်တို့စိတ်ဆင်းရဲနေရမှာပါပဲဘုရား"

"အဲ့ဒါဆိုရွာထဲကနှင်ထုတ်ကြပါလား"

"နှင်မရလို့ခက်နေတာပါဘုရား"

"ဒါဆိုသူ့ဘာသာထွက်သွားအောင်လုပ်ရမယ်"
ဟုဆရာတော်မှမိန့်ပြီးကျေင်းပြန်ကြွလေသည်--

-----------------------------------------------------------

နောက်တနေ့ညနေခင်းတွင်ရွားကျောင်းဆရာတော်
တပါးထဲဦးသာဒင်အိမ်သို့မည်သူမှအသိမပေးပဲကြွသွား
သည်

အိမ်ပေါ်သို့အရောက်တွင်မျက်လုံးပြူုးပြူးအသားမည်း
မည်းမုတ်ဆိတ်မွေးရှည်ရှည်နှင့်ဦးသာဒင်ကဖျာတချပ်
ခင်းပေးသည်သို့သော်ဦးတော့မချ

"အရှင်ဘုရားဘာကိစ္စရှိလိုကြွလာတာလည်း"

"ဦးပဉ္ဇင်းကစကားကိုသွယ်ဝှိက်မပြောတတ်ဖူးဒကာကြီး
ကအောက်လမ်းပညာတတ်တယ်ဆိုတာဟုတ်လား?"

ဦးသာဒင်ငြင်း၍မရမည့်အတူတူဝန်ခံလိုက်၏

"ဒကာကြီးပညာလက်တွေ့မြင်ဖူးချင်တယ်ပြလို့ရမလား"

"အရှင်ဘုရားကဘယ်လိုပြစေချင်တာလည်းဘုရား"

"ဦးပဉ္ဇင်းလက်ညှိုးထိုးတဲ့အပင်ကိုသေအောင်လုပ်ပေး
နိုင်မလား"

"ဒါလောက်ကမခက်ပါဖူးရိုးရိုးသေအောင်ထက်အပင်ကို
မီးလောင်ပြီးသေအောင်လုပ်ပြနိုင်ပါတယ်ဘုရား'

"ကဲ့…ဒါဆိုအပြင်ထွက်ကြဆို့ဒကာကြီးအိမ်ရှေ့လမ်းမ
ဘေးမှာဝါးရုံပင်တွေရှိနေတာပဲ"

သူတိုနှစ်ယောက်အပြင်ထွက်ကြပြီးဦးသာဒင်ကိုလမ်း
ဘေမှာနေစေပြီးဦပဉ္ဇင်းကဝါးရုံပင်နားရပ်နေလေသည်
ဝါးရုံပင်နှင့်ဦးသာဒင်ပေငါးဆယ်ခန့်ကွာလေသည်

ရွာမှလူအမျာရောက်လာပြီးမျက်တောင်မခတ်ပဲကြည့်
နေကြလေသည်

ထို့နောက်ဦးပဉ္ဇင်းမှဝါးရုံတရုံအားလက်ညှိုးထိုးပြပြီး…

"ဒီအပင်ပဲဒကာကြီး"
ဟုလှမ်းအော်ပြောလိုက်သည်နှင့်

"ဦးသာဒင်သည်ဝါးပင်ကိုစိုက်ကြည့်လျှက်လက်ညှိုးထိုး
၍တစုံတခုကိုရွတ်ဆိုနေ၏နှစ်မိနစ်ခန့်အကြာဝါးပင်မှာ
စိမ်းစိုနေရာမှတဖြည်းဖြည်းခြောက်သွေ့ပြီးမီးလောင်၍
သွားလေသည်"

*ရွာသားများဦးသာဒင်ကိုပိုကြောက်လာကြသည်"

"ဦးပဉ္ဇင်းဒုတိယဝါးပင်ကိုညွှန်ပြရာပထမဝါးပင်ကဲ့သို့
မီးလောင်သွားလေသည်"

"ဤတွင်ဦးသာဒင်မှရင်ကော့၍သာဒင်ကိုဘာထင်သလဲ
ဟူသောမျက်လုံးဖြင့်မြှောက်ကျွကျွဖြစ်နေသည်"

"အရှင်ဘုရားတပည့်တော်ဝါးတရုံလုံးမီးလောင်အောင်
လုပ်နိုင်ပါတယ်"

*ရွာသားများရွာကျောင်းဆရာတော်အားစိတ်ပူပင်နေ
ကြသည်*

ထိုအခါရွာကျောင်းဆရာတော်မှ
"ဒကာကြီးပညာကိုဒကာကြီးကယုံကြည်တယ်ဆိုရင်ပေါ့
အလောင်းအစားတခုလုပ်ကြမယ်ဘယ်နှယ့်လဲ"

"ဒီတတိယဝါးပင်ကိုမီးလောင်အောင်လုပ်ပြနိုင်ခဲ့ရင်
ဦးပဉ္ဇင်းဒီရွာကထွက်သွားမယ်လုပ်မပြနိုင်လို့ရှိရင်တော့
ဒကာကြီးဒီရွာကထွက်သွားပေးပါ"

"စိမ်လိုက်လေသဘောတူပါတယ်ဘုရား"

"ဦးပဉ္ဇင်းမှကဲ့ဒီစကားအားလုံးကြားတယ်နော်မှတ်ထား
ကြဒါဆိုဒီဝါးပင်ကိုမီးလောင်အောင်လုပ်ပြပါဟုတတိယ
ဝါးပင်ကိုလက်ညှိုးထိုးပြလေသည်"

"ဦးသာဒင်လည်းအရင်ပုံစံအတိုင်လက်ညှိုးထိုးလျှက်ဝါး
ပင်းအားစိုက်ကြည့်ပြီးတစုံတခုရွတ်နေ၏"

"ဝါးပင်မှာဘာမှမဖြစ်သောအခါသူချွေးပြန်လာ၏ထို့အ
ခါနောက်ဆုံးပညာကုန်သုံးပြီးဖနောင့်ပေါက်လိုက်သည်
ဝါးပင်မှာဘာမှမဖြစ်"

"ဦးသာဒင်သာနောက်သို့လေးပေခန့်လွင့်သွားပြီးမြေ
ကြီးပေါ်လူးလိမ့်နေလေသည်အတော်ကြာမှသူ့မယား
နှင့်သူသားတွဲခေါ်သွားရလေသည်"

"ရွားသားများမှရွားကျောင်းဆရာတော်နိုင်ပြီဦးသာဒင်
ကြီးရှုံးပြီဟုအားရဝမ်းသာအော်ကြလေသည်"

"ဝမ်းသာအားရအော်ဟစ်ဆူညံနေသဖြင့်တတိယဝါးပင်
ကိုဦးသာဒင်မီးလောင်အောင်မလုပ်နိုင်သည်ကိုမည်သူ
မျှမစူးစမ်းမလေ့လာမိကြ"

"တတိယမြှောက်ဝါးပင်၏နောက်ကျောဖက်ကိုသေခြာ
ကြည့်လျှင်စက္ကူဖြင့်ရေးကပ်ထားသောစာလုံးသုံးလုံးကို
တွေ့ရမည်ဖြစ်သည်ထိုစာလုံးကား"

           ** အ ရ ဟံ **

--------------------------------------------------------------

မေတ္တာရှင်ရွှေပြည်သာ၏ဇာတ်လမ်းကိုအတိုချုံး၍ပြန်
လည်မျှဝေပါသည်။

   အားလုံးကိုကျေးဇူးတင်လျှက်

     #လွှမ်းဒီသာ(ဟင်္သာတ တက္ကသိုလ်)

Comments

Popular posts from this blog

🌑ညဆိုး🌑

ဘီလူးအော်သံ(တာတေ)

ပုဏ္ဏကတိုက်တဲ့ အိမ်ကြီး