ငါ့ သွား ပြန်ပေး

"ငါ့ သွား ပြန်ပေး"
=========
နောင် ဝေ ဝေ
ကြက်မောက်ကုန်း သုဿာန်ကို အသုဘလာချခြင်းပင်

အုတ်ဂူသွင်းဖို့အသင့်စောင့်ဆိုင်းပေးနေတဲ့
ပန်းရံဆရာ  အေးနိုင်နဲ့တပည့်နှစ်ယောက်က သုဿာန်အတွင်း
လက်ခုတ်ပင် ခြေရင်း၌စောင့်ရင်း ဆရာတပည့်သုံးဦး တိုင်ပင်ထားတာ
အလွဲအချော်မဖြစ်စေရန် တီးတိုးပြောနေကြခြင်းပင်

သေဆုံးသူ  ဒေါ်ခင်တင့် ဆိုသည်မှာ ရှမ်းရွာကျေးရွာရဲ့
မျက်နှာဖုံး "တောဘောစိ" လို့ခေါ်ရမှာပေါ့။

အသက်ကြီးလို့သွားမရှိတော့ ရွေသွားစိုက်ထားနိုင်တယ်
ဆိုကတည်းက ဘယ်လောက်ချမ်းသာမှူရှိလဲ စဉ်းစားကြည့်ပေါ့
ဒါပေမဲ့ အဘွားကြီးက ကပ်စေးနဲကော်တရာ မစားရက်
မသောက်ရက် မလှူရက်မတန်းရက် ရှိတဲ့ငွေကိုကျစ်ကျစ်ပါအောင်
ကူတ်ထားတာ. ကိုယ့်ကိုကိုယ်တောင်မသထာချင်တဲ့သူမျိုးပေါ့။

ဒါနဲ့ပဲ သုဿာန်ဇရပ်မှာ အသုဘတရားနာ
ပြီးတော့ အဘွားကြီးကို ဂူသွင်းဖို့လုပ်ကြတော့ သားသမီးတွေ
ချွေးမတွေက အကုန်ပြီးတဲ့အထိစောင့်ရင်း ပန်းရံဆရာ အေးနိုင်ကို
လည်း သေချာဂူပိတ်ပေးဖို့မှာကြားရင်း ပန်းရံလက်ခရှင်းပေးပြီး
ပြန်သွားကြတော့

အေးနိုင်က သူ့တပည့်နှစ်ယောက်ဖြစ်တဲ့
သောက်ပြူး နဲ့ သောက်ကန်း ကို ည၉နာရီတိတိ သုဿာန်ကို
လာဖို့ထပ်မှာရင်း အိမ်ပြန်ကြရောပေါ့

မျက်လုံးပြူးတဲ့ကောင်နဲ့ပြူးသလောက်ကန်းတဲ့တပည့်နှစ်ယောက်မို့
သောက်ပြူးနဲ့့သောက်ကန်းဟု ခေါ်ခြင်းဖြစ်သည်။

သေဆုံးသူ အဘွားကြီး ဒေါ်ခင်တင့် ကလည်းဥစ္စာပစ္စည်းအစွဲလေး
ကပါလာတော့ သေချာတာကတော့ ကျွတ်ဖို့မမြင်ဘူးလေ။

ဒီလိုနဲ့
ညပိုင်းအချိန်ရောက်လာတော့
အေးနိုင်နဲ့ တပည့်၂ ယောက် တိုင်ပင်ထားတဲ့အတိုင်းပဲ
တူတွေစို့တွေ သံတူရွင်းတွေယူပြီး
သုဿာန်ထဲရောက်လာချိန်မှာတော့

သောက်ပြူး နမငိုး ဓါတ်မီးရမ်းထိုးမနေနဲ့
မင့်မေ့လင်တွေတွေ့သွားမှ သောက်ပြသနာတက်ဥိးမယ်
ဟုတ် ဟုတ် ဆရာ

သောက်ကန်း တူရွင်းယူလာပြီး  ဂူရဲ့ခေါင်းရင်းကိုဖောက်
ဟုတ် ဆရာ
အေးမြန်မြန်လုပ်  စို့တွေကို သောက်ပြူးကအဝတ်စနဲ့ပတ်
တော်ကြာအသံအရမ်းကျယ်နေမယ်။ ဟုတ်ဆရာ

မကြာပါဘူး သောက်ကန်းအုတ်ဂူကိုဖောက်တာ ဂူပွင့်တော့
သုံးယောက်သား အလောင်းကိုဆွဲထုတ်ပြီး အဖုံးဖွင့်
ဒေါ်ခင်တင့်ရဲ့ပါးစပ်ထဲက ရွေသွားကို မရရအောင် ဖြုတ်ကျတော့

မထင်မှတ်စရာ အဖွားကြီး မျက်လုံးပွင့်လာတော့
သုံးယောက်သား လန့်အော်ရင်း ရှူရှူးတွေထွက်ကျလာတာက
ပန်းရံဆရာ အေးနိုင် သေးတွေရွဲနေတဲ့ ပုဆိုးကို အတင်းဆြွဲခွတ်ပြီး
အဖွားကြီးရဲ့အလောင်းပေါ်အတင်းအုတ်လိုက်တော့မှ  မျက်လုံးပိတ်
သွားတော့တယ်

ဒါပေမဲ့ တပည့်နှစ်ယောက်ကလည်း တဖြည်းဖြည်းကြောက်စိတ်ကများလာတော့ ဆရာ
ကျနော်တို့မယူရဲတော့ဘူး

အေးမင်းတို့မယူရရင် ငါယူမယ်ကွာ
ဒီမှာ မီးထိုးပြ ပေးစို့တွေငါ့ကို အေးနိုင် စို့တွေယူပြီး အဖွားကြီး
ပါးစပ်ကို အတင်းဖြဲပြီး  ရွေသွားကိုမရမကဖြုတ်ယူတော့ မကြာပါဘူး

အကဒ်လိုက်ထွက်မလာရုံတမယ်  ရွေသွားတွေချွတ်ယူပါတော့တယ်
ရွေသွားတွေရတော့မှ သောက်ပြူးနဲ့သောက်ကန်းလည်း ကြောက်စိတ်
တဖြည်းဖြည်းပျောက်လာတော့တယ်။

ရွေသွားတွေယူပြီးတော့ အလောင်းကို ဂူထဲပြန်ထည့် အပေါက်ကို
အမှိူက်တွေနဲ့ပိတ်ပြီး သုံးယောက်သား  တစ်ချိုးတည်းပြေးပါတော့တယ်
ဦးတည်ရာကတော့  သောက်ပြူးရဲ့အိမ်ကိုပင်

အိမ်ပေါ်ရောက်တော့ညဉ့် ၁  နာရီထိုးလုပင်
ရလာတဲ့သွားတွေကိုစစ်ကြည့်တော့ ၁၁ ချောင်းရခဲ့လေတော့
တပည့်နှစ်ယောက်ကို  တစ်ယောက် ၃ ချောင်း မိမိက ၅ချောင်း
ယူပြီး 

နောက်နေ့ဘာသံမှမကြားချင်ဘူးနော်
မင်းတို့သိုသိုသိပ်သိပ်နေကြ ဒါပဲပြောချင်တယ်
စိတ်ချပါ ဆရာ စိတ်ချ.   အေးပါပြီးရော

ဒါနဲ့ဆရာ. သေသွားတဲ့အဖွားကြီးက သူ့ရွေသွားတွေလာတောင်းရင်
ဘယ်လိုလုပ်မလဲ.  
ဟာ မင်းတို့ကလည်း ကြောက်တက်လိုက်တာ
မလာပါဘူးကွ

ဟုတ် ဟုတ် ဆရာ. ဒါပေမဲ့ ကြောက်တယ်ဗျ
တော်ကြကွာ တော်တော့. ငါဒီည ဒီမှာပဲအိပ်တော့မယ်

ဒီလိုနဲ့ နေလာလိုက်တာ
၇ရက်ပြည့်လို့ ဆွမ်းသွတ်တရားနာပြီး  ညပိုင်းကျတော့
ဒေါ်ခင်တင့်  အိမ်မက်ပေးပါတော့တယ်. သူ့သားသမီးတွေကို
အိမ်မက်ထဲမှာ. စကားမပြောပဲ အိမ်ရှေ့မှာ ထ်ုင်ငိုနေတော့

သားသမီးတွေ မေးလည်းမဖြေ ငိုမြဲငိုနေတော့
နောက်နေ့မိုးလင်းတော့ သားသမီးတွေက အိမ်မက်အကြောင်း
ပြောရင်း.  အင်းးး အမေတစ်ခုခုကိုစွဲလန်းပြီး. မကျွတ်လွတ်တာ
သေချာတယ်

ဒေါ်ခင်တင့် တစ်ယောက် မိမိရဲ့ရွေသွားတွေပြန်လိုချင်၍ဖြစ်သည်

ပန်းရံဆရာအေးတိုင်နဲ့တပည့်နှစ်ယောက်ကတော့
အလုပ်မလုပ်ပဲ သာသာယာယာ အရက်ကလေးတမြမြနဲ့
ဇိမ်ကျနေလေရဲ့

ထိုညက သုံးယောက်သား မူးစပ်စပ်နဲ့
ဆိုင်ကယ်လေးမောင်းရင်း အရက်ဆိုင်ကအပြန် လမ့းဘေးနားက
ရပ်စောင့်နေတဲ့. မည်းမည်းပုံရိပ်ကိုတွေ့တော့

ယမကာအရှိန်လေးနဲ့  အာစရိ
ရှေ့မှာမည်းးမည်းးးမည်းးမည်းးနဲ့ ဘယ်က စကီလေးလေလွင့်လာလဲ
မတိဘူး အာစိ
သောက်ပူးးဟျောင့် စကီလေးကကြည့်ရတာ ပိန်ပိန်တွယ်တွယ်
မော်လယ်ဒဲလေးဖစ်မယ်. ငါ့တပည့်ရ

ဟုတ်လောက်တယ် အာစိရ
တော်ကြာ စကီအလန်းလေးမဟုပဲ စကီတရဲမ ဖြစ်နေမှ ဟုတ်ပေ့ဖြစ်
နေမယ် အာစရီ

အေးကွ အာ့ဆို အမြန်မောင်းပေတော့
တော်ကြာ သရဲမဆိုမှ ပြေးပေါက်ပိတ်နေမယ် မောင်းး မောင်းး ဟျောင့်

သောင်ပြူးဆိုင်ကယ်ကိုအတင်းမောင်းရင်း
နောက်ဆုံးကထိုင်တဲ့. သောက်ကန်းက အမှတ်မထင် မည်းမည်း
အရိပ်ကိုကြည့်မိလိုက်တော့

အာစိ ဒီစကီလေးကိုရင်းနှီးနေသလိုပဲနော်
ရင်းရင်းနှီးနှိးမြင်ဖူးနေတာ

ဘာမှမပြောနဲ့ကွာ အိမ်ရောက်အောင်သာမောင်းး

သုံးယောက်သား သရဲကြောက်ကြော်နဲ့မောင်းလိုက်တာ
တစ်လမ်းလုံးပြည့်အောင်မောင်းရင်း သောက်ပြူးအိမ်ရောက်ပါလေ့
ရောပေါ့ဗျာ

အိမ်ရောက်မှ. လမ်းမှာတွေ့တဲ့ အရိပ်မည်းမည်းအကြောင်းဆက်ပြော
ရင်း သောက်ကန်းက အာစိ ခုန စကီကို ၌င်းရင်းနှီးနှီးမြင်ဖူးနေတာနော်
တစ်ကယ်ကို ဘ်ာမှာရင်းနှီးမှန်းမသိတာ

တော်ကွာ မပြောနဲ့တော့
အောက်ဆင်းသေးပေါက်ပြီး အိပ်မယ်  ဒီနေ့နည်းနည်းများသွားတယ်

မင်းတို့ပါအဖော်လိုက်ခဲ့
သုံးယောက်သား အိမ်နောက်ဖေးကို ရှူးပေါက်ဖို့ဆင်းလာတုန်း
နောက်ဖေးက အသင့်စောင့်နေတဲ့  ဒေါ်ခင်တင့်က

ကောင်လေးတွေ ငါ့ရဲ့သွားတွေပြန်ပေးပါ ဆိုပြီး
သွားဖြဲပြတော့

သွားမရှိတဲ့ ဒေါ်ခင်တင့်ရဲ့  ပါးစပ်ပြဲကြီးကို တွေ့လိုက်ရတော့
သောက်ကန်းက မူးစပ်စပ်နဲ့ ပြောတာက
ကျနော်မပြောလားအာစိရဲ့ မြင်ဖူးပါတယ် ဆို ဆို ဆို ဆို

သေချာကြည့်မှ  အဖွားကြီးခင်တင့် ဖြစ်နေတော့
ဟာ. ဟာ ဟာ 
သရဲ. အမေ့ရေ. တစ်ကယ့် သရဲ့ အစစ်ကြီး ကြီး ကြီး

#Credit

Comments

Popular posts from this blog

🌑ညဆိုး🌑

ဘီလူးအော်သံ(တာတေ)

ပုဏ္ဏကတိုက်တဲ့ အိမ်ကြီး