သင်္ချိုင်းကို ကစားကွင်းထင်
အဖော်ကောင်းလို့သချိ င်္ုင်းရောက်ခဲ့ရတဲ့
.
ငယ်ငယ်က အတွေ့အကြုံလေး
ပြောပြရဦးမယ် ။
.
အဲတုန်းက ခေးငယ် နှစ်တန်းလောက်
တော့ ရှိမယ်ထင်တယ် ။
.
ခေးငယ်မှာက တစ်ဝမ်းကွဲ တီတီတစ်
ယောက် ရှိတယ် ။ ခေးငယ်ထက် ငါး
နှစ်လောက်ဘဲကြီးတယ် ။ခေးငယ်
အသက်က ခုနှစ် နှစ်ဆိုတော့ တီတီက
ဆယ့်နှစ် နှစ်ပေါ့ ။တီတီ နာမည်
က အိမွန်တဲ့ ။ ခေးငယ်မှာကလည်း
ဆော့စရာဆိုလို့ ဒီတီတီ တစ်ယောက်
ဘဲ ရှိတာဆိုတော့ ဘယ်သွားသွား သူ့
အနောက်ဘဲ တစ်ကောက်ကောက်
လိုက်နေတော့တာပေါ့ဟာ ။
.
သူဆော့သမျှ အကုန်လိုက်ဆော့ချင် ။
သူလုပ်သမျှ အကုန်လိုက်လုပ် ။ မလုပ်
ခိုင်း မဆော့ခိုင်းရင် အာပြဲနဲ့ အော်ငို
တော့တာပါဘဲ ။
.
သူများတွေ ကြက်တောင် ရိုက်ရင်
လိုက်ရိုက်ချင်တယ် ။ ရိုက်ပြန်ရင်လည်း
တစ်ချက်မှ မထိဘူး လိုက်ဘဲ ကောက်
နေရတော့ တီတီ က ပျင်းပြီပေါ့ ။
.
တစ်ခါကလည်း ကြိုးခုန်နေတာ မြင်တော့
မရမက လိုက်ခုန်ချင်တာပေါ့ ။မခုန်ခိုင်း
တော့ ငိုပြစ်လိုက်တာ ။
.
" ကဲ့အဲလောက်မှ ခုန်ချင်နေလည်း ခုန်"
ဆိုတော့ ပျော်ပျော်နဲ့ ခုန်လိုက်တာ
တစ်ခါမှလည်း မခုန်ဘူးတော့ မောက်လျက်လဲပြီး
အောက်မှာခင်းထားတဲ့အုတ်နီခဲနဲ့
နှားခေါင်းထိပြီး သွေးတွေ ထွက်လာတော့တာ
ပါဘဲ ။
.
အဲတုန်းကလည်း နှာခေါင်းရိုးမကျိုးတာ
ကံကောင်း ။ လေးငါးရက်လောက် နှာခေါင်း
ကြီး နီပြီး ယောင်နေလိုက်တာများ ကျောင်း
သွားတော့ သူငယ်ချင်းတွေက နှာခေါင်းကြီးမ
နှာဘူးမ နဲ့ စလိုက်ကြတာ ပြောကို မပြောချင်ဘူး။
အဲကတည်းကများလားမသိဘူး နှာခေါင်းကြီး
နေတာခုထိဘဲ ကြည့်လိုက်တော့ ။
.
ဒါနဲ့ နှာခေါင်းဆိုလို့ ပြောရဦးမယ် သိလား ။
ငယ်ငယ်က လက်နဲ့ နှာခေါင်း နိုက်မိတဲ့အခါ
မေမေက မြင်တော့ ………
.
" လက်ကြီးနဲ့ နှာခေါင်းထဲ မနိုက်နဲ့လေ လုပ်နေ
နှာခေါင်းကြီး ပွလာပြီး မလှဘဲ နေမယ်" တဲ့
.
အဲတုန်းက မေမေက လက်နဲ့ နှာခေါင်းနိုက်ရင်
ရောဂါပိုးတွေ့ ဝင်မှာစိုးလို့ သတိပေးတာနေမှာ
ပေါ့ ။ ငယ်သေးတော့ နားမလည်မှာ စိုးပြီး
နှာခေါင်း ကြီးပွလာမယ် ဆိုပြီး ပြောတာပေါ့ ။
ဒါကို ခေးငယ်က မသိဘူး ။
.
" မေမေ နှာခေါင်းကြီးက ဘယ်လို ပွလာမလည်း
ဟင် " လို့ ပြန်မေးလိုက်တော့ မေမေက
.
" ဟဲ့ မမြင်ဘူးလား TV ထဲမှာ လာနေတဲ့
ပါကျဲးရဲ့ နှာခေါင်းလေ အဲလိုဖြစ်ခဲ့မှာပေါ့ "
.
မေမေက အဲလိုပြန်ပြောခဲ့တယ် ။ မေမေ
အပြောမှားသွားတယ် ဆိုပါတော့ ။
ခေးငယ်က ပါကျဲးကို သိပ်ကြိုက်တာ ။
ပါကျဲးက အဲကားထဲမှာ စားချင်တာတွေ
အများကြီးးး စားတယ် မဟုတ်လား ။
ခေးငယ်လည်း အစားပုပ်သူပီပီ ပါကျဲးကို ကြိုက်
တာပေါ့ ။ ခုတော့ သူလို နှာခေါင်းကြီး
ဖြစ်လာမယ်ဆိုတော့ ပျော်ပြီပေါ့ ။
.
အဲနေ့က စပြီး နှာခေါင်းထဲ လက်ပဲ နိုက်နေ
တော့တာ ပါကျဲးလို ဖြစ်အောင်ပေါ့ ။ ဒါကြောင့်
မို့လားမသိ ခု ခေးငယ်ရဲ့ နှာခေါင်းက
သူများလို့ မလှဘဲ ပွ နေတာနေမှာ ။
မိဘစကား နားမထောင်လို့ နေမှာပေါ့ ။
.
ထားပါ ။ ခဏက ဟာ ဆက်ပြောမယ် ။
.
အဲလိုနဲ့ တစ်နေ့တီတီ အိမွန်ရွှာလည်
သွားရာ နောက်ကို လိုက်ခဲ့ပြန်တာပေါ့ ။
.
သူငယ်ချင်းတွေ့ကလည်း အများကြီးဘဲ
ပျော်စရာကြီး ။ ဆော့ကြတာပေါ့ ။
အဲထဲ ခေးငယ်က အငယ်ဆုံးဆိုတော့
အားလုံးက လိုက်ချောပေးနေရတော့
ကောင်းကောင်း မဆော့ရဘူး ။
အဲလိုဘဲ ခေးငယ်က ဂျစ်ဂျတာ ။
.
ဆော့ရင်း ပျင်းလာကြတော့ သူငယ်ချင်း
တစ်ယောက်က ထပြောတယ် ………
.
" ငါ့တို့ ဘာထပ်ဆော့ကြမလည်း "
.
" အေးဟယ် ဆော့နည်းကလည်းစုံ
ချောနည်းကလည်း စုံနေပြီ နေရာက
လည်း အကျယ်ကြီးမရှိတော့ ကောင်းကောင်း
မဆော့ရဘူး တစ်ခုခု စဉ်းစားပါဦး "
.
" ဟုတ်ပြီ ငါ့တို့ သချိ င်္ုင်းကုန်း မှာသွား
ဆော့ရအောင် "
.
" သရဲ ကြောက်တယ်ကွ "
.
" မဟုတ်ဘူး သရဲဆိုတာ တကယ်မရှိဘူးတဲ့
ငါ့မေမေက ပြောတာ ငါ့မေမေ မနေ့ကတောင်
အသုဘပို့သွားသေးတာ သရဲမတွေ့ခဲ့ဘူးတဲ့ "
.
" သေချာလား သေချာရင် သွားမယ် "
.
" ငါတော့ ကြောက်တယ် "
.
" ကြောက်တဲ့လူမလိုက်နဲ့ ငါ့တို့သွားမယ်
ဘာကြောက် စရာရှိလည်း ငါ့တို့က ကလေး
တွေ ဆိုပေမဲ့ လူများတယ် သရဲနဲ့ တွေ့ရင်
ဝိုင်းရိုက်တာပေါ့ မဟုတ်ဘူးလား "
.
" ဟုတ်တယ်ကွ သွားမယ် "
တချို့က မလိုက်ရဲဘူးဆိုပြီး ပြန်သွားကြတာပေါ့
တီတီ အိမွန်ကလည်း ပြန်မလို့လုပ်တာပါဘဲ
ဒါပေမဲ့ ခေးငယ်က လိုက်ချင်တယ် ပြောတော့
တီတီပါ လိုက်ရတော့တာပေါ့ ။
.
အဖွှဲ့မှာ လူ နှစ်ဆယ်လောက်တော့ ရှိမယ်
ထင်တယ် ။ သိပ်မမှတ်မိတော့ဘူး ။
.
သချိ ုင်္င်းထဲ ရောက်တော့
.
" ဝိုး အကျယ်ကြီးဘဲ ပြေးတမ်းလိုက်တမ်း
ကစားရရင် ပျော်ဖို့ကောင်းမှာ ဆော့မယ်ဟေ့ "
.
" ဆော့မယ်ဟေး ……ကြာသလားလို့ "
.
" လက်ဖြူ လက်မဲ မောက်မယ် တစ်ယောက်ထဲ
ကျတဲ့လူက လိုက်ဖမ်းရမယ် လာကြ ……စပြီ "
.
" စန်းစန်း …… လန်းလန်း ရန်ကုန်သွားလို့
ဆိုက်ကားစီးလို့……ပြန်…… "
.
" ဘယ်သူမှ တစ်ယောက်ထဲ မကျသေးဘူး
ပြန်လုပ်မယ် "
.
" စန်းစန်း …… လန်းလန်း ရန်ကုန်သွားလို့
ဆိုက်ကားစီးလို့.……… ပြန် ……"
.
" ပြန် ………"
.
" ပြန် ……… "
.
" ပြန် ……… "
.
" ဟေး……နိုင်ထူး မင်းတစ်ယောက်ဘဲ လက်မဲ
လုပ်တာ မင်း ခွေးရူး မင်း ငါ့တို့ကို လိုက်ဖမ်းရမယ် ပြေးကြတော့ဟေး …………"
.
" လာပြီနော် …… ဖမ်းပြီနော် လွှတ်အောင်
ပြေးထားကြ "
.
သူ့လိုက်ဖမ်း ငါလိုက်ဖမ်း နဲ့ တော်တော်
လေးကြာတော့ မောလို့ ခဏနားကြတယ် ။
.
နားပြီး ပြန်စဆော့ ပြန်တယ် ။
ဆော့ရင်း ခဏကြာတော့ အဖွှဲ့ထဲက
မေလ က သူခြေထောက်မှာ
အဆူးစူးလို့ ဆိုပြီး မဆော့တော့ဘူး
ပြောတယ် ။
.
" ဘာစူးမိတာလည်း မေလ "
.
" မသိဘူး အရိုးတစ်ခုလိုဘဲ ဖြူဖြူကြီး
ငါ့ ဖိနပ်ကိုတောင် ဖောက်ပြီး ငါ့ခြေ
ထောက်ထိ စူးခဲ့တာကွ "
.
" ဟုတ်လား ပြစမ်း ဘာရိုးကြီးလည်း
တစ်ခါမှ မမြင်ဖူးဘူး "
.
" လူရိုးထင်တယ် ……… "
.
" ဟုတ်မယ်ထင်တယ် ငါလည်း မမြင်ဖူး
လို့ မပြောတတ်ဘူး …………သချိ င်္ုင်းထဲမှာ
အဲလို ထပ်ပြေးနေရင် နောက်တစ်ယောက်
ထပ်စူးနေဦးမယ် တစ်ခြားပြောင်းဆော့မယ် "
.
" ဟုတ်တယ်ဟ မဆော့နဲ့တော့
နောက်တစ်မျိုး စဉ်းစားကြ "
.
" ဟုတ်ပြီကွ မပြေးရဘဲ အေးဆေးဆော့မဲ့
နည်းက ငါ့တို့ တူတူပုန်းတမ်း ဆော့မယ် "
.
" ထောက်ခံတယ်ကွ ဆော့မယ် ဆော့မယ် "
.
ဒီလိုနဲ့ ရှာရှာ ကြံကြံ သချိ င်္ုင်းထဲမှာ
တူတူ ပုန်းတမ်း ကစားကြတာပေါ့ဟာ ။
.
နှစ်ယောက်တစ်တွဲ ပုန်းရတာပေါ့ ။ တကယ်လို့
ပျောက်သွားရင် အဖော်ရှိအောင်လို့ပါ ။
.
ထုံးစံအတိုင်း ခေးငယ်က တ်ီတီ အိမွန်နောက်
တစ်ကောက်ကောက်ပေါ့ဟာ ။
.
ပုန်းတာတော့ ပုန်းတာပေါ့ ။ ပုန်းစရာဆိုလို့
ဒီ မြေပုံတွေ အုတ်ဂူတွေကြားဘဲ ရှိတာလေ ။
.
စပုန်းတုန်းကတော့ ပုန်းတဲ့လူနဲ့ ရှာတဲ့
လူနဲ့ ပွက်လောရိုက်သွားပါတော့တယ် ။
တော်တော်လေးကြာတော့ အသံတိတ်ကုန်တယ်။
ခေးငယ်နဲ့ တီတီ အိမွန်လည်း မြေပုံတစ်ခုနား
ကပ်ပုန်းးနေတာပေါ့။
.
မြေပုံက လက်လက်ဆက်ဆက်ဘဲ ရှိသေးတယ်
လူသေမြုပ်ထားတာ တစ်လတောင် ပြည့်မဲ့ပုံ
မပေါ်သေးဘူး ။
.
တော်တော်လေးကြာတဲ့အထိ ဘယ်သူမှ
လာမရှာဘူး ။ သူများတွေက ဘယ်မှာ ပုန်းနေ
မှန်းမသိသလို ရှာတဲ့လူကလည်း ဘယ်မှာ သွား
ရှာနေမှန်း မသိပါဘူး ။
.
သချိ င်္ုင်းကြီး တိတ်ဆိတ်နေပြီး ခေးငယ်တို့
နှစ်ယောက်ဘဲ ရှိနေသလိုလို ။ ခေးငယ်ကတော့
ငယ်တဲ့လူုပီပီ ဘာမှ သိပ်မတွေးမိ ။
တီတီ အိမွန်က တော့ ဟိုချောင်းကြည့်
ဒီချောင်းကြည့်နဲ့ ကြောက်လာပုံရတယ် ။
.
စိတ်ဘဲ ထင်လို့လား မသိဘူး ။ ဘေးက
အုတ်ဂူထဲမှ အသက်ရှူ သံဘဲ ကြားလာရသလိုလို
ရယ်သံဘဲ ကြားလာရသလိုလို ။
.
ခုဘဲ လက်ကြီး ထွက်လာပြီး ဆွဲတော့ မလိုလို ။
လူပ်လူပ်ရှားရှားတောင် ဖြစ်လာသလားဘဲ ။
.
ခေးငယ်ကတော့ ဘေးမှာ တွေ့တဲ့
မြေပုံက နာမည်ကို ဖတ်နေပါတယ် ။
သဝေထိုး ဒဒွေးရေးချာ ……ဒေါ် ……
…မရရစ် စက်သာ မြစ် ………
သရေးချာ ဝက် စနှစ်လုံးပေါက် ………သား
ငရေးယသတ် ………ငယ် …… ဒေါ်မြစ်သားငယ် ………
.
" ခေးငယ် ဆက်မဆိုနဲ့ တော့ မကြောက်ဘူး
လား "
.
" ကြောက်ဘူး တီတီ ရှိနေတာဘဲ "
.
" ခေးငယ် မင်းကော ကြားရလား အသံ
ရယ်သံလိုလို ငိုသံလိုလို နဲ့လေ …………"
.
" ကြားရတာပေါ့ ဘာသံတွေမှန်း မသိဘူး
ဆူညံနေတာဘဲ "
."
ဟေ ဟုတ်လား ခေးငယ်ကောကြားတယ်ပေါ့
တော်ပြီဟာ အိမ်ပြန်ကြစို့ ငါကြောက်လာပြီ "
.
တီတီက ပြောပြော ဆိုဆို ထပြီး
အော်ပြောလိုက်တယ် ။
.
" မဆော့တော့ဘူး ပြန်စို့ ငါကြောက်လာပြီ "
.
တီတီ အော်သံနောက်မှာ ဘယ်သူမှ အသံ
ပြန်မပေးခဲ့ဘူး ။ ပဲတင်သံ ဘဲ ကြားရတယ် ။
.
ဒါ သက်သက် မဲ့ တီတီကို ပြန်မထူးတာ .………
.
အဲချိန် ခေးငယ်က အုတ်ဂူတစ်ခုပေါ်မှ တစ်ခုခုကို
မြင်လိုက်လို့ အထူးအဆန်းဖြစ်ပြီး
အော်ပြောလိုက်မိတယ် ……………
.
" တီတီ ဟိုမှာ ဘာကောင်ကြီးလည်း
မဲမဲကြီး အမွေးထူထူကြီးနဲ့ "
.
ခေးငယ် အသံကြားမှဘဲ အားလုံး လန့်ပြီး
ထပြေးလာကြတယ် ။ ခေးငယ်က ကလေး
ဆိုတော့ လိမ်ပြောမှာ မဟုတ် အမှန်ဘဲ
ပြောမယ်ဆိုတာ သူတို့သိတယ်လေ ။
.
ဒါကြောင်း သူတို့ကြောက်ပြီး ထွက်လာကြတယ် ။
နောက်မှ သိရတာက ခေးငယ်တွေ့လိုက်တာ
တောကြောင်မဲ ကြီးတဲ့လေ ။
.
ပြန်မယ်ဆိုတော့ လျာရှည်တဲ့လူက
ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့ ဇရပ်လိုလို
အိမ်ထဲ သွားကြည့်ချင်သေးတယ်တဲ့
ရောက်မှ ရောက်ခဲ့ ပြီသွားကြည့်ရအောင်တဲ့။
ဒါကို ယောကျာ်းလေး တွေကလက်ခံကြတယ် ။
အဖွှဲ့မှာ ယောကျာ်းလေးက များတော့
ယောကျာ်းလေး တွေမပါဘဲမိန်းကလေး
တွေကလည်း မပြန်ရဲတော့ သွား
ကြည့်မယ်ဆိုတော့ လိုက်ခဲ့ကြပြန်တယ် ။
.
ဇရပ် ဆိုပေမဲ့ဇရပ်ထက်ကို အိမ်ပျက်ကြီးနဲ့
တူတယ် ။အိမ်ပျက်ကြီးနဲ့ တူတယ်ဆိုတော့
သချိ င်္ုင်းမရှိခင် အရင်က လူတွေနေခဲ့ပုံရတယ် ။
.
ပြီးတော့ အဲတုန်းက သချိ င်္ုင်းက မြေပြန့်မဟုတ်
ကုန်းတွေ ချိုင့်တွေ့နဲ့ပေါ့ ။ ခေးငယ်တို့
ဆော့နေတဲ့ နေရာက တောင်ကုန်း
တစ်ခု ။ တောင်ကုန်းတွေ့အများကြီးပေါ်မှာ
ဟိုတစ်စု ဒီတစ်ခု မြေပုံတွေ လုပ်ထားကြတယ်
ခုလည်း အဲဇရပ်က အမြင်ဆုံး ကုန်းပေါ်မှာ ရှိနေခဲ့တယ် ။
.
ခုနေတဲ့ ကုန်းပေါ်ကနေ ဆင်းပြီးမှ အဲကုန်း
ပေါ် တတ်ပြီး သွားရတာပေါ့ ။
ဒါလည်း တတ်ကြည့်ကြတာပါဘဲ ။
.
( ခုများ ပြန်တွေးမိတော့ တော့တော့ ဆော့ခဲ့ကြတာဘဲ )
.
.ရောက်တော့ တန်းစီပြီး
ကုပ်ချောင်းချောင်းနဲ့ ဝင်သွားကြပါတယ် ။
မိန်းကလေးတွေက အနောက်ကနေ ကြောက်
ကြောက်နဲ့ လိုက်ဝင်တာပေါ့ ။ တစ်ယောက်
လက်ကို တစ်ယောက် တွဲထားကြတယ်လေ ။
.
အရှေ့ဆုံးမှ ဝင်သွားတဲ့ ယောက်ျားလေးက
စတာလား တကယ်တွေ့တာလားတော့
မပြောတတ်ဘူး ။
.
" အမလေး ပြေးကြ ပြေးကြ အထဲမှာ
လျှာအရှည် ကြီးနဲ့ သရဲမတစ်ကောင်
မျက်လုံးကြီး ပြူးပြီး ထိုင်နေတာကွ "
.
ဆိုပြီး ရှေ့ဆုံးကနေ ထပြေးတာပေါ့ ။
ကျန်တဲ့လူတွေကလည်း ပြေးဆိုတော့
ကြောက်ကြောက်နဲ့ ပြေးကြတာပေါ့ ။
.
လက်တွဲထားတဲ့လူတွေ့ဆို လျှော်တွေလဲ
ဒူးတွေပြဲလို့ ။
.
ကုန်းအရင်ဆင်းရတယ် ဆိုတော့ ဆင်းပြေး
ကြတယ်လေ ။ ခေးငယ်လည်း ပြေးဆိုတာ
နဲ့ လိုက်ပြေးတာပေါ့ ။ ငယ်သေးတော့
သူများလုပ်သလို လုပ်တာပေါ့ ။
ကုန်ဆင်းကြီးကို ပြေးဆင်းရမှာဆိုတော့
လျှော် လဲပြီး ချော်စီးသလို ဆင်းချသွားတာပေါ့ ။
.
အမယ် သိလား စီးပြီး ဆင်းချနေတုန်းက တစ်ခု
တွေးလိုက်မိသေးတယ် ။ ခေးငယ်တို့
ကျောင်းမှာ ရှိတဲ့ ချော်စီးစရာထက်
ဆင်းချရတာ အများကြီး ပိုပျော်စရာ ကောင်း
တယ် နောက်နေ့ လာပြန်စီးမယ်ပေါ့ ။
.
စီးနေတုန်းက အကောင်း အောက်လည်း
ရောက်ရေ ပုတ်ကနဲ့ကို ပြုတ်ကျပြီး
ဖင်နှောင်ရိုးအောင့်ပြီး မထနိုင်တော့ဘူး ။
.
သူများတွေက လည်း သူအပူနဲ့သူပြေးကုန်ပြီ ။
တီတီကလည်း ပြေးရင်းဘယ်နားရောက်
သွားမှန်းမသိ ။သူများက ကြောက်ပြီး ပြေးတော့
ခေးငယ်လည်း တစ်ယောက်ထဲ ကျန်ခဲ့မှာ
ကြောက်လို့ အနားကနေ ဖြတ်ပြီး ပြေးလာတဲ့
လူတစ်ယောက်ရဲ့ ခြေထောက်ကို လှမ်းဆွဲ
ထားလိုက်တယ် ။
.
အရေးထဲ သူကလည်း ယောက်ျားဖြစ်ပြီး
ရှေ့မကြည့် အောက်မကြည့်နဲ့ ခေးငယ်
ဆွဲထားတာကို သရဲက သူခြေထောက်
ဆွဲနေပါတယ် ကယ်ကြပါဦး ဆိုပြီး
ထအော်နေသေးတယ် ။
.
သူအသံကြားတော့ သူကို လာကယ်ဖို့
နေနေသာသာ ပြေးနေတဲ့ အရှိန်တောင်
ပို့မြင့်လိုက်ကြသေးတယ် ။
.
နောက်မှ ခေးငယ်မှန်းလည်း သိ
ခေးငယ် မထနိုင်မှန်းလည်း သိရော
ဘာမှ စကားမရှည်နေတော့ဘဲ
ခေးငယ်ကို ကုန်းပိုးပြီး ပြေးပါလေတော့တယ် ။
.
အပြင်ရောက်တော့ တီတီနဲ့တွေ့ပြီး
အတူပြန်လာကြပါတယ် ။
.
ကိုယ့်အိမ်ကိုယ် ပြန်ကြတာပေါ့ ။
.
ကျောင်းဖွှင့်တော့ တစ်ယောက် မျက်နှာ
တစ်ယောက်ကြည့်ပြီး ပြုံးစေ့စေ့နဲ့ ။
ခြေထောက်လေး ထော့နဲ့ ထော့နဲ့
တွေ ဖြစ်ကုန်တယ် ။ ပွန်းတဲ့လူနဲ့ ။ပဲ့တဲ့လူနဲ့။
ဆူးစူးတဲ့ လူနဲ့ ။ပေါက်ပြဲတဲ့လူနဲ့ ။ လက်ဆစ်
နာတဲ့လူနဲ့ ။ ဖင်နှောင့်ရိုး အောင့်တဲ့လူနဲ့ ။
တော်တော် အဖြစ်စုံသွားတယ်လေ ။
.
တကယ်တော့ ဒီအဖွှဲ့က ဒီလို့
ဖြစ်ခဲ့ကြပေမဲ့ တော်တော် ဆောခဲ့ရတာကို
တော့ ဘယ်တော့ နောင်တမရခဲ့ပါဘူး ။
.
ခုချိန် မှာ ပြန်ပြောရရင် ………………
.
ငါ့တို့ငယ်ငယ်ထဲက အဆော့သန်ခဲ့တယ်။
ငါတို့ငယ်ငယ်ထဲက သတ္တိရှိခဲ့တယ် ။
ငါ့တို့ ငယ်ငယ်ထဲက စူးစမ်းရှာဖွေခဲ့ကြတယ်။
ငါ့တို့ အမှတ်တရ ငါ့တို့ ပျော်ရွှင်မူတွေ
ငါ့တို့ ကိုယ်တိုင် ရှာဖွေခဲ့ဖူးတယ် ။
.
ပျော်ရွှင်မူ
ကြောက်ရွှင်မူ
နာကျင်မူ
.
မမြင်နိုင်တဲ့ အန္တာရာယ်ကို လွတ်အောင်
ဘယ်လို ပြေးလွှားရုန်းကန်ရမယ်
.
ပတ်ဝန်းကျင်နဲ့ လိုက်လျော့နေထိုင်တတ်ရမယ်
( ဥပမာ သူများပြေး ကိုယ်ပြေးပေါ့ )
.
အခက်အခဲမှန်သမျှ လွယ်ကူအောင် လုပ်ဆောင်
တတ်ရမယ် အကူအညီပေးနိုင်သူကို ဖမ်းဆုပ်နိုင်
ရမယ် (ဥပမာ ကုန်းဆင်းဆို လျောဆင်းပြီး ကုန်းတတ်ဆို ကုန်းပိုးတာမျိုးပေါ့ )
.
#######
End : 9.8.17 ....9;PM
.
ရေး = Khay Nge ( ခေးငယ် )
.
ငယ်ငယ်က ဖြစ်ရပ်မှန် လေးကို နည်းနည်း
ပြန်ပြင်ပြီး ရေးသားထားခြင်း ဖြစ်ပါတယ်
.
ဘယ်သူမှန်း ခုချိန် မှာ မမှတ်မိတော့ ပေမဲ့
ငယ်ငယ်က ခေးငယ်ကို ကုန်းပိုးပြီး ပြေးခဲ့တဲ့
အကိုအား ကျေးဇူတင်ပါတယ်ရှင် ။
.
လေးစားလျက်
အမှားပါရင် ပြင်ဖတ်ပေးကြပါရှင်
.
.
ငယ်ငယ်က အတွေ့အကြုံလေး
ပြောပြရဦးမယ် ။
.
အဲတုန်းက ခေးငယ် နှစ်တန်းလောက်
တော့ ရှိမယ်ထင်တယ် ။
.
ခေးငယ်မှာက တစ်ဝမ်းကွဲ တီတီတစ်
ယောက် ရှိတယ် ။ ခေးငယ်ထက် ငါး
နှစ်လောက်ဘဲကြီးတယ် ။ခေးငယ်
အသက်က ခုနှစ် နှစ်ဆိုတော့ တီတီက
ဆယ့်နှစ် နှစ်ပေါ့ ။တီတီ နာမည်
က အိမွန်တဲ့ ။ ခေးငယ်မှာကလည်း
ဆော့စရာဆိုလို့ ဒီတီတီ တစ်ယောက်
ဘဲ ရှိတာဆိုတော့ ဘယ်သွားသွား သူ့
အနောက်ဘဲ တစ်ကောက်ကောက်
လိုက်နေတော့တာပေါ့ဟာ ။
.
သူဆော့သမျှ အကုန်လိုက်ဆော့ချင် ။
သူလုပ်သမျှ အကုန်လိုက်လုပ် ။ မလုပ်
ခိုင်း မဆော့ခိုင်းရင် အာပြဲနဲ့ အော်ငို
တော့တာပါဘဲ ။
.
သူများတွေ ကြက်တောင် ရိုက်ရင်
လိုက်ရိုက်ချင်တယ် ။ ရိုက်ပြန်ရင်လည်း
တစ်ချက်မှ မထိဘူး လိုက်ဘဲ ကောက်
နေရတော့ တီတီ က ပျင်းပြီပေါ့ ။
.
တစ်ခါကလည်း ကြိုးခုန်နေတာ မြင်တော့
မရမက လိုက်ခုန်ချင်တာပေါ့ ။မခုန်ခိုင်း
တော့ ငိုပြစ်လိုက်တာ ။
.
" ကဲ့အဲလောက်မှ ခုန်ချင်နေလည်း ခုန်"
ဆိုတော့ ပျော်ပျော်နဲ့ ခုန်လိုက်တာ
တစ်ခါမှလည်း မခုန်ဘူးတော့ မောက်လျက်လဲပြီး
အောက်မှာခင်းထားတဲ့အုတ်နီခဲနဲ့
နှားခေါင်းထိပြီး သွေးတွေ ထွက်လာတော့တာ
ပါဘဲ ။
.
အဲတုန်းကလည်း နှာခေါင်းရိုးမကျိုးတာ
ကံကောင်း ။ လေးငါးရက်လောက် နှာခေါင်း
ကြီး နီပြီး ယောင်နေလိုက်တာများ ကျောင်း
သွားတော့ သူငယ်ချင်းတွေက နှာခေါင်းကြီးမ
နှာဘူးမ နဲ့ စလိုက်ကြတာ ပြောကို မပြောချင်ဘူး။
အဲကတည်းကများလားမသိဘူး နှာခေါင်းကြီး
နေတာခုထိဘဲ ကြည့်လိုက်တော့ ။
.
ဒါနဲ့ နှာခေါင်းဆိုလို့ ပြောရဦးမယ် သိလား ။
ငယ်ငယ်က လက်နဲ့ နှာခေါင်း နိုက်မိတဲ့အခါ
မေမေက မြင်တော့ ………
.
" လက်ကြီးနဲ့ နှာခေါင်းထဲ မနိုက်နဲ့လေ လုပ်နေ
နှာခေါင်းကြီး ပွလာပြီး မလှဘဲ နေမယ်" တဲ့
.
အဲတုန်းက မေမေက လက်နဲ့ နှာခေါင်းနိုက်ရင်
ရောဂါပိုးတွေ့ ဝင်မှာစိုးလို့ သတိပေးတာနေမှာ
ပေါ့ ။ ငယ်သေးတော့ နားမလည်မှာ စိုးပြီး
နှာခေါင်း ကြီးပွလာမယ် ဆိုပြီး ပြောတာပေါ့ ။
ဒါကို ခေးငယ်က မသိဘူး ။
.
" မေမေ နှာခေါင်းကြီးက ဘယ်လို ပွလာမလည်း
ဟင် " လို့ ပြန်မေးလိုက်တော့ မေမေက
.
" ဟဲ့ မမြင်ဘူးလား TV ထဲမှာ လာနေတဲ့
ပါကျဲးရဲ့ နှာခေါင်းလေ အဲလိုဖြစ်ခဲ့မှာပေါ့ "
.
မေမေက အဲလိုပြန်ပြောခဲ့တယ် ။ မေမေ
အပြောမှားသွားတယ် ဆိုပါတော့ ။
ခေးငယ်က ပါကျဲးကို သိပ်ကြိုက်တာ ။
ပါကျဲးက အဲကားထဲမှာ စားချင်တာတွေ
အများကြီးးး စားတယ် မဟုတ်လား ။
ခေးငယ်လည်း အစားပုပ်သူပီပီ ပါကျဲးကို ကြိုက်
တာပေါ့ ။ ခုတော့ သူလို နှာခေါင်းကြီး
ဖြစ်လာမယ်ဆိုတော့ ပျော်ပြီပေါ့ ။
.
အဲနေ့က စပြီး နှာခေါင်းထဲ လက်ပဲ နိုက်နေ
တော့တာ ပါကျဲးလို ဖြစ်အောင်ပေါ့ ။ ဒါကြောင့်
မို့လားမသိ ခု ခေးငယ်ရဲ့ နှာခေါင်းက
သူများလို့ မလှဘဲ ပွ နေတာနေမှာ ။
မိဘစကား နားမထောင်လို့ နေမှာပေါ့ ။
.
ထားပါ ။ ခဏက ဟာ ဆက်ပြောမယ် ။
.
အဲလိုနဲ့ တစ်နေ့တီတီ အိမွန်ရွှာလည်
သွားရာ နောက်ကို လိုက်ခဲ့ပြန်တာပေါ့ ။
.
သူငယ်ချင်းတွေ့ကလည်း အများကြီးဘဲ
ပျော်စရာကြီး ။ ဆော့ကြတာပေါ့ ။
အဲထဲ ခေးငယ်က အငယ်ဆုံးဆိုတော့
အားလုံးက လိုက်ချောပေးနေရတော့
ကောင်းကောင်း မဆော့ရဘူး ။
အဲလိုဘဲ ခေးငယ်က ဂျစ်ဂျတာ ။
.
ဆော့ရင်း ပျင်းလာကြတော့ သူငယ်ချင်း
တစ်ယောက်က ထပြောတယ် ………
.
" ငါ့တို့ ဘာထပ်ဆော့ကြမလည်း "
.
" အေးဟယ် ဆော့နည်းကလည်းစုံ
ချောနည်းကလည်း စုံနေပြီ နေရာက
လည်း အကျယ်ကြီးမရှိတော့ ကောင်းကောင်း
မဆော့ရဘူး တစ်ခုခု စဉ်းစားပါဦး "
.
" ဟုတ်ပြီ ငါ့တို့ သချိ င်္ုင်းကုန်း မှာသွား
ဆော့ရအောင် "
.
" သရဲ ကြောက်တယ်ကွ "
.
" မဟုတ်ဘူး သရဲဆိုတာ တကယ်မရှိဘူးတဲ့
ငါ့မေမေက ပြောတာ ငါ့မေမေ မနေ့ကတောင်
အသုဘပို့သွားသေးတာ သရဲမတွေ့ခဲ့ဘူးတဲ့ "
.
" သေချာလား သေချာရင် သွားမယ် "
.
" ငါတော့ ကြောက်တယ် "
.
" ကြောက်တဲ့လူမလိုက်နဲ့ ငါ့တို့သွားမယ်
ဘာကြောက် စရာရှိလည်း ငါ့တို့က ကလေး
တွေ ဆိုပေမဲ့ လူများတယ် သရဲနဲ့ တွေ့ရင်
ဝိုင်းရိုက်တာပေါ့ မဟုတ်ဘူးလား "
.
" ဟုတ်တယ်ကွ သွားမယ် "
တချို့က မလိုက်ရဲဘူးဆိုပြီး ပြန်သွားကြတာပေါ့
တီတီ အိမွန်ကလည်း ပြန်မလို့လုပ်တာပါဘဲ
ဒါပေမဲ့ ခေးငယ်က လိုက်ချင်တယ် ပြောတော့
တီတီပါ လိုက်ရတော့တာပေါ့ ။
.
အဖွှဲ့မှာ လူ နှစ်ဆယ်လောက်တော့ ရှိမယ်
ထင်တယ် ။ သိပ်မမှတ်မိတော့ဘူး ။
.
သချိ ုင်္င်းထဲ ရောက်တော့
.
" ဝိုး အကျယ်ကြီးဘဲ ပြေးတမ်းလိုက်တမ်း
ကစားရရင် ပျော်ဖို့ကောင်းမှာ ဆော့မယ်ဟေ့ "
.
" ဆော့မယ်ဟေး ……ကြာသလားလို့ "
.
" လက်ဖြူ လက်မဲ မောက်မယ် တစ်ယောက်ထဲ
ကျတဲ့လူက လိုက်ဖမ်းရမယ် လာကြ ……စပြီ "
.
" စန်းစန်း …… လန်းလန်း ရန်ကုန်သွားလို့
ဆိုက်ကားစီးလို့……ပြန်…… "
.
" ဘယ်သူမှ တစ်ယောက်ထဲ မကျသေးဘူး
ပြန်လုပ်မယ် "
.
" စန်းစန်း …… လန်းလန်း ရန်ကုန်သွားလို့
ဆိုက်ကားစီးလို့.……… ပြန် ……"
.
" ပြန် ………"
.
" ပြန် ……… "
.
" ပြန် ……… "
.
" ဟေး……နိုင်ထူး မင်းတစ်ယောက်ဘဲ လက်မဲ
လုပ်တာ မင်း ခွေးရူး မင်း ငါ့တို့ကို လိုက်ဖမ်းရမယ် ပြေးကြတော့ဟေး …………"
.
" လာပြီနော် …… ဖမ်းပြီနော် လွှတ်အောင်
ပြေးထားကြ "
.
သူ့လိုက်ဖမ်း ငါလိုက်ဖမ်း နဲ့ တော်တော်
လေးကြာတော့ မောလို့ ခဏနားကြတယ် ။
.
နားပြီး ပြန်စဆော့ ပြန်တယ် ။
ဆော့ရင်း ခဏကြာတော့ အဖွှဲ့ထဲက
မေလ က သူခြေထောက်မှာ
အဆူးစူးလို့ ဆိုပြီး မဆော့တော့ဘူး
ပြောတယ် ။
.
" ဘာစူးမိတာလည်း မေလ "
.
" မသိဘူး အရိုးတစ်ခုလိုဘဲ ဖြူဖြူကြီး
ငါ့ ဖိနပ်ကိုတောင် ဖောက်ပြီး ငါ့ခြေ
ထောက်ထိ စူးခဲ့တာကွ "
.
" ဟုတ်လား ပြစမ်း ဘာရိုးကြီးလည်း
တစ်ခါမှ မမြင်ဖူးဘူး "
.
" လူရိုးထင်တယ် ……… "
.
" ဟုတ်မယ်ထင်တယ် ငါလည်း မမြင်ဖူး
လို့ မပြောတတ်ဘူး …………သချိ င်္ုင်းထဲမှာ
အဲလို ထပ်ပြေးနေရင် နောက်တစ်ယောက်
ထပ်စူးနေဦးမယ် တစ်ခြားပြောင်းဆော့မယ် "
.
" ဟုတ်တယ်ဟ မဆော့နဲ့တော့
နောက်တစ်မျိုး စဉ်းစားကြ "
.
" ဟုတ်ပြီကွ မပြေးရဘဲ အေးဆေးဆော့မဲ့
နည်းက ငါ့တို့ တူတူပုန်းတမ်း ဆော့မယ် "
.
" ထောက်ခံတယ်ကွ ဆော့မယ် ဆော့မယ် "
.
ဒီလိုနဲ့ ရှာရှာ ကြံကြံ သချိ င်္ုင်းထဲမှာ
တူတူ ပုန်းတမ်း ကစားကြတာပေါ့ဟာ ။
.
နှစ်ယောက်တစ်တွဲ ပုန်းရတာပေါ့ ။ တကယ်လို့
ပျောက်သွားရင် အဖော်ရှိအောင်လို့ပါ ။
.
ထုံးစံအတိုင်း ခေးငယ်က တ်ီတီ အိမွန်နောက်
တစ်ကောက်ကောက်ပေါ့ဟာ ။
.
ပုန်းတာတော့ ပုန်းတာပေါ့ ။ ပုန်းစရာဆိုလို့
ဒီ မြေပုံတွေ အုတ်ဂူတွေကြားဘဲ ရှိတာလေ ။
.
စပုန်းတုန်းကတော့ ပုန်းတဲ့လူနဲ့ ရှာတဲ့
လူနဲ့ ပွက်လောရိုက်သွားပါတော့တယ် ။
တော်တော်လေးကြာတော့ အသံတိတ်ကုန်တယ်။
ခေးငယ်နဲ့ တီတီ အိမွန်လည်း မြေပုံတစ်ခုနား
ကပ်ပုန်းးနေတာပေါ့။
.
မြေပုံက လက်လက်ဆက်ဆက်ဘဲ ရှိသေးတယ်
လူသေမြုပ်ထားတာ တစ်လတောင် ပြည့်မဲ့ပုံ
မပေါ်သေးဘူး ။
.
တော်တော်လေးကြာတဲ့အထိ ဘယ်သူမှ
လာမရှာဘူး ။ သူများတွေက ဘယ်မှာ ပုန်းနေ
မှန်းမသိသလို ရှာတဲ့လူကလည်း ဘယ်မှာ သွား
ရှာနေမှန်း မသိပါဘူး ။
.
သချိ င်္ုင်းကြီး တိတ်ဆိတ်နေပြီး ခေးငယ်တို့
နှစ်ယောက်ဘဲ ရှိနေသလိုလို ။ ခေးငယ်ကတော့
ငယ်တဲ့လူုပီပီ ဘာမှ သိပ်မတွေးမိ ။
တီတီ အိမွန်က တော့ ဟိုချောင်းကြည့်
ဒီချောင်းကြည့်နဲ့ ကြောက်လာပုံရတယ် ။
.
စိတ်ဘဲ ထင်လို့လား မသိဘူး ။ ဘေးက
အုတ်ဂူထဲမှ အသက်ရှူ သံဘဲ ကြားလာရသလိုလို
ရယ်သံဘဲ ကြားလာရသလိုလို ။
.
ခုဘဲ လက်ကြီး ထွက်လာပြီး ဆွဲတော့ မလိုလို ။
လူပ်လူပ်ရှားရှားတောင် ဖြစ်လာသလားဘဲ ။
.
ခေးငယ်ကတော့ ဘေးမှာ တွေ့တဲ့
မြေပုံက နာမည်ကို ဖတ်နေပါတယ် ။
သဝေထိုး ဒဒွေးရေးချာ ……ဒေါ် ……
…မရရစ် စက်သာ မြစ် ………
သရေးချာ ဝက် စနှစ်လုံးပေါက် ………သား
ငရေးယသတ် ………ငယ် …… ဒေါ်မြစ်သားငယ် ………
.
" ခေးငယ် ဆက်မဆိုနဲ့ တော့ မကြောက်ဘူး
လား "
.
" ကြောက်ဘူး တီတီ ရှိနေတာဘဲ "
.
" ခေးငယ် မင်းကော ကြားရလား အသံ
ရယ်သံလိုလို ငိုသံလိုလို နဲ့လေ …………"
.
" ကြားရတာပေါ့ ဘာသံတွေမှန်း မသိဘူး
ဆူညံနေတာဘဲ "
."
ဟေ ဟုတ်လား ခေးငယ်ကောကြားတယ်ပေါ့
တော်ပြီဟာ အိမ်ပြန်ကြစို့ ငါကြောက်လာပြီ "
.
တီတီက ပြောပြော ဆိုဆို ထပြီး
အော်ပြောလိုက်တယ် ။
.
" မဆော့တော့ဘူး ပြန်စို့ ငါကြောက်လာပြီ "
.
တီတီ အော်သံနောက်မှာ ဘယ်သူမှ အသံ
ပြန်မပေးခဲ့ဘူး ။ ပဲတင်သံ ဘဲ ကြားရတယ် ။
.
ဒါ သက်သက် မဲ့ တီတီကို ပြန်မထူးတာ .………
.
အဲချိန် ခေးငယ်က အုတ်ဂူတစ်ခုပေါ်မှ တစ်ခုခုကို
မြင်လိုက်လို့ အထူးအဆန်းဖြစ်ပြီး
အော်ပြောလိုက်မိတယ် ……………
.
" တီတီ ဟိုမှာ ဘာကောင်ကြီးလည်း
မဲမဲကြီး အမွေးထူထူကြီးနဲ့ "
.
ခေးငယ် အသံကြားမှဘဲ အားလုံး လန့်ပြီး
ထပြေးလာကြတယ် ။ ခေးငယ်က ကလေး
ဆိုတော့ လိမ်ပြောမှာ မဟုတ် အမှန်ဘဲ
ပြောမယ်ဆိုတာ သူတို့သိတယ်လေ ။
.
ဒါကြောင်း သူတို့ကြောက်ပြီး ထွက်လာကြတယ် ။
နောက်မှ သိရတာက ခေးငယ်တွေ့လိုက်တာ
တောကြောင်မဲ ကြီးတဲ့လေ ။
.
ပြန်မယ်ဆိုတော့ လျာရှည်တဲ့လူက
ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့ ဇရပ်လိုလို
အိမ်ထဲ သွားကြည့်ချင်သေးတယ်တဲ့
ရောက်မှ ရောက်ခဲ့ ပြီသွားကြည့်ရအောင်တဲ့။
ဒါကို ယောကျာ်းလေး တွေကလက်ခံကြတယ် ။
အဖွှဲ့မှာ ယောကျာ်းလေးက များတော့
ယောကျာ်းလေး တွေမပါဘဲမိန်းကလေး
တွေကလည်း မပြန်ရဲတော့ သွား
ကြည့်မယ်ဆိုတော့ လိုက်ခဲ့ကြပြန်တယ် ။
.
ဇရပ် ဆိုပေမဲ့ဇရပ်ထက်ကို အိမ်ပျက်ကြီးနဲ့
တူတယ် ။အိမ်ပျက်ကြီးနဲ့ တူတယ်ဆိုတော့
သချိ င်္ုင်းမရှိခင် အရင်က လူတွေနေခဲ့ပုံရတယ် ။
.
ပြီးတော့ အဲတုန်းက သချိ င်္ုင်းက မြေပြန့်မဟုတ်
ကုန်းတွေ ချိုင့်တွေ့နဲ့ပေါ့ ။ ခေးငယ်တို့
ဆော့နေတဲ့ နေရာက တောင်ကုန်း
တစ်ခု ။ တောင်ကုန်းတွေ့အများကြီးပေါ်မှာ
ဟိုတစ်စု ဒီတစ်ခု မြေပုံတွေ လုပ်ထားကြတယ်
ခုလည်း အဲဇရပ်က အမြင်ဆုံး ကုန်းပေါ်မှာ ရှိနေခဲ့တယ် ။
.
ခုနေတဲ့ ကုန်းပေါ်ကနေ ဆင်းပြီးမှ အဲကုန်း
ပေါ် တတ်ပြီး သွားရတာပေါ့ ။
ဒါလည်း တတ်ကြည့်ကြတာပါဘဲ ။
.
( ခုများ ပြန်တွေးမိတော့ တော့တော့ ဆော့ခဲ့ကြတာဘဲ )
.
.ရောက်တော့ တန်းစီပြီး
ကုပ်ချောင်းချောင်းနဲ့ ဝင်သွားကြပါတယ် ။
မိန်းကလေးတွေက အနောက်ကနေ ကြောက်
ကြောက်နဲ့ လိုက်ဝင်တာပေါ့ ။ တစ်ယောက်
လက်ကို တစ်ယောက် တွဲထားကြတယ်လေ ။
.
အရှေ့ဆုံးမှ ဝင်သွားတဲ့ ယောက်ျားလေးက
စတာလား တကယ်တွေ့တာလားတော့
မပြောတတ်ဘူး ။
.
" အမလေး ပြေးကြ ပြေးကြ အထဲမှာ
လျှာအရှည် ကြီးနဲ့ သရဲမတစ်ကောင်
မျက်လုံးကြီး ပြူးပြီး ထိုင်နေတာကွ "
.
ဆိုပြီး ရှေ့ဆုံးကနေ ထပြေးတာပေါ့ ။
ကျန်တဲ့လူတွေကလည်း ပြေးဆိုတော့
ကြောက်ကြောက်နဲ့ ပြေးကြတာပေါ့ ။
.
လက်တွဲထားတဲ့လူတွေ့ဆို လျှော်တွေလဲ
ဒူးတွေပြဲလို့ ။
.
ကုန်းအရင်ဆင်းရတယ် ဆိုတော့ ဆင်းပြေး
ကြတယ်လေ ။ ခေးငယ်လည်း ပြေးဆိုတာ
နဲ့ လိုက်ပြေးတာပေါ့ ။ ငယ်သေးတော့
သူများလုပ်သလို လုပ်တာပေါ့ ။
ကုန်ဆင်းကြီးကို ပြေးဆင်းရမှာဆိုတော့
လျှော် လဲပြီး ချော်စီးသလို ဆင်းချသွားတာပေါ့ ။
.
အမယ် သိလား စီးပြီး ဆင်းချနေတုန်းက တစ်ခု
တွေးလိုက်မိသေးတယ် ။ ခေးငယ်တို့
ကျောင်းမှာ ရှိတဲ့ ချော်စီးစရာထက်
ဆင်းချရတာ အများကြီး ပိုပျော်စရာ ကောင်း
တယ် နောက်နေ့ လာပြန်စီးမယ်ပေါ့ ။
.
စီးနေတုန်းက အကောင်း အောက်လည်း
ရောက်ရေ ပုတ်ကနဲ့ကို ပြုတ်ကျပြီး
ဖင်နှောင်ရိုးအောင့်ပြီး မထနိုင်တော့ဘူး ။
.
သူများတွေက လည်း သူအပူနဲ့သူပြေးကုန်ပြီ ။
တီတီကလည်း ပြေးရင်းဘယ်နားရောက်
သွားမှန်းမသိ ။သူများက ကြောက်ပြီး ပြေးတော့
ခေးငယ်လည်း တစ်ယောက်ထဲ ကျန်ခဲ့မှာ
ကြောက်လို့ အနားကနေ ဖြတ်ပြီး ပြေးလာတဲ့
လူတစ်ယောက်ရဲ့ ခြေထောက်ကို လှမ်းဆွဲ
ထားလိုက်တယ် ။
.
အရေးထဲ သူကလည်း ယောက်ျားဖြစ်ပြီး
ရှေ့မကြည့် အောက်မကြည့်နဲ့ ခေးငယ်
ဆွဲထားတာကို သရဲက သူခြေထောက်
ဆွဲနေပါတယ် ကယ်ကြပါဦး ဆိုပြီး
ထအော်နေသေးတယ် ။
.
သူအသံကြားတော့ သူကို လာကယ်ဖို့
နေနေသာသာ ပြေးနေတဲ့ အရှိန်တောင်
ပို့မြင့်လိုက်ကြသေးတယ် ။
.
နောက်မှ ခေးငယ်မှန်းလည်း သိ
ခေးငယ် မထနိုင်မှန်းလည်း သိရော
ဘာမှ စကားမရှည်နေတော့ဘဲ
ခေးငယ်ကို ကုန်းပိုးပြီး ပြေးပါလေတော့တယ် ။
.
အပြင်ရောက်တော့ တီတီနဲ့တွေ့ပြီး
အတူပြန်လာကြပါတယ် ။
.
ကိုယ့်အိမ်ကိုယ် ပြန်ကြတာပေါ့ ။
.
ကျောင်းဖွှင့်တော့ တစ်ယောက် မျက်နှာ
တစ်ယောက်ကြည့်ပြီး ပြုံးစေ့စေ့နဲ့ ။
ခြေထောက်လေး ထော့နဲ့ ထော့နဲ့
တွေ ဖြစ်ကုန်တယ် ။ ပွန်းတဲ့လူနဲ့ ။ပဲ့တဲ့လူနဲ့။
ဆူးစူးတဲ့ လူနဲ့ ။ပေါက်ပြဲတဲ့လူနဲ့ ။ လက်ဆစ်
နာတဲ့လူနဲ့ ။ ဖင်နှောင့်ရိုး အောင့်တဲ့လူနဲ့ ။
တော်တော် အဖြစ်စုံသွားတယ်လေ ။
.
တကယ်တော့ ဒီအဖွှဲ့က ဒီလို့
ဖြစ်ခဲ့ကြပေမဲ့ တော်တော် ဆောခဲ့ရတာကို
တော့ ဘယ်တော့ နောင်တမရခဲ့ပါဘူး ။
.
ခုချိန် မှာ ပြန်ပြောရရင် ………………
.
ငါ့တို့ငယ်ငယ်ထဲက အဆော့သန်ခဲ့တယ်။
ငါတို့ငယ်ငယ်ထဲက သတ္တိရှိခဲ့တယ် ။
ငါ့တို့ ငယ်ငယ်ထဲက စူးစမ်းရှာဖွေခဲ့ကြတယ်။
ငါ့တို့ အမှတ်တရ ငါ့တို့ ပျော်ရွှင်မူတွေ
ငါ့တို့ ကိုယ်တိုင် ရှာဖွေခဲ့ဖူးတယ် ။
.
ပျော်ရွှင်မူ
ကြောက်ရွှင်မူ
နာကျင်မူ
.
မမြင်နိုင်တဲ့ အန္တာရာယ်ကို လွတ်အောင်
ဘယ်လို ပြေးလွှားရုန်းကန်ရမယ်
.
ပတ်ဝန်းကျင်နဲ့ လိုက်လျော့နေထိုင်တတ်ရမယ်
( ဥပမာ သူများပြေး ကိုယ်ပြေးပေါ့ )
.
အခက်အခဲမှန်သမျှ လွယ်ကူအောင် လုပ်ဆောင်
တတ်ရမယ် အကူအညီပေးနိုင်သူကို ဖမ်းဆုပ်နိုင်
ရမယ် (ဥပမာ ကုန်းဆင်းဆို လျောဆင်းပြီး ကုန်းတတ်ဆို ကုန်းပိုးတာမျိုးပေါ့ )
.
#######
End : 9.8.17 ....9;PM
.
ရေး = Khay Nge ( ခေးငယ် )
.
ငယ်ငယ်က ဖြစ်ရပ်မှန် လေးကို နည်းနည်း
ပြန်ပြင်ပြီး ရေးသားထားခြင်း ဖြစ်ပါတယ်
.
ဘယ်သူမှန်း ခုချိန် မှာ မမှတ်မိတော့ ပေမဲ့
ငယ်ငယ်က ခေးငယ်ကို ကုန်းပိုးပြီး ပြေးခဲ့တဲ့
အကိုအား ကျေးဇူတင်ပါတယ်ရှင် ။
.
လေးစားလျက်
အမှားပါရင် ပြင်ဖတ်ပေးကြပါရှင်
.
Comments
Post a Comment