ခလဲ့စား
==================================
တောရွာလေးတစ်ရွာ တွင်ဖြစ်၏။
မှောင်မှောင်မဲမဲနှင့်တိတ်ဆိတ်နေလေသည် ။ ထိုအချိန်တွင်
စွဲငင်စွာအူလိုက်သော ခွေးအူသံသည် တိတ်ဆိတ်နေသော ညအချိန်ကိုဖောက်ခွဲလိုက်လေသည်။ ထိုအချိန်တွင် ရွာတောင်ပိုင်းမှအော်သံနှင့်အတူ လူအများမီးဒုတ်များ
လက်နက်များကိုစွဲကိုင်ကာ သူကြီးအိမ်ရှေ့သို့ေ၇ာက်လာကြသည်။
“ သူကြီး သူကြီး မောင်ထုပါအုံး ထစမ်းပါအုံးဟ “ လူအများ၏အော်ဟစ်သံကြောင့်သူကြီးသည် မောင်းကို
တစ်ဒူဒူနှင့်စတင်တီးခတ်လိုက်သည်။ ထိုအခါ ရွာတစ်လုံးမှ လူများသည် ဓားလှံလက်နက်များကိုစွဲကိုင်ကာ
သူကြီးအိမ်သို့အပြေးအလွှားရောက်ရှိလာကြပါသည်။
သူကြီးလည်းအိမ်ထဲမှထွက်လာပြီး “တောင်ပိုင်းက
ဘာဖြစ်လို့လဲကွပြောစမ်းပါအုံးဟ” ထိုအခါ ပွကြီးဆိုသောရွာသားမှ” ကျုပ်တို့အိမ်နားမှာ ခြေသံကြားလို့
ထိကြည့်လိုက်တော့မဲမဲကောင်ကြီးတစ်ကောင် ထောင်ထောင်မောင်းမောင်းနဲ့ သရဲလား တစ္တေလားမသိဘူး အဲဒါကြောင့်ဓားဆွဲပြီးလိုက်လာတာဟုပြောသံအဆုံး တစ်ရွာလုံး
လှုပ်ရှာသွားကြသည်။ ထိုအခါ သူကြီးက “ကဲဘာကောင်လဲဆိုတာအတိအကျတော့မသိဘူး
အဲတော့ဘုန်းကြီးပင့်ပြီး အန္တရာယ်ကင်းတရားလေးဘာလေး
ရွတ်ကြတာပေါ့ကွာ” ဟုပြောကာ မနက်လင်းသောအခါ
ရွာကလေးမှ တရားစာရွတ်သံများအိမ်တိုင်လိုလိုကြားလာကြရပါသည်။
တဲအ်ိမ်လေးတစ်ခုအတွင်းမှာတော့ “ကဲအရီးလေး သမီးပြန်မယ်နော်
ကျန်းမာရေးသေချာဂရုစိုက်” “ကျေးဇူးတင်လိုက်တာ ဆရာမလေးရယ် ဆေးဖိုးဝါးခမပေးနိုင်ပေမဲ့ အလကားကုပေးတဲ့ဆရာမလေးကျေးဇူးကိုဘယ်လိုဆပ်ရမလဲမသိ
ပါဘူး ဆရာမလေးရယ်” “ အရီးလေးကလည်း ဆေးဖိုးဝါးခပြောစရာမလိုပါဘူး ဒီရွာလေးက ကျွန်မအိမ်လိုဖြစ်နေပါပြီ” ဟုပြောကာ လှပသော မိန်းကလေးတစ်ယောက်သည် အိမ်ကလေးထဲမှထွက်ခွာသွားလေသည်။ ဆရာမလေးက
တနယ်တကျေးမှလာ၍ထိုရွာလေးတွင်နေသော ကျေးလက်ဆေးပေးခန်းမှ သူနာပြုဆရာမလေး
မမြခက်ဖြစ်ပါသည်။ ဆရာမလေးသည် ရုပ်ရည်ချောမောလှပကာ
မိန်းကလေးပီသစွာရိုးရိုးယဉ်ယဉ်လေးနှင့်ကျက်သရေရှိသူဖြစ်ပါသည်။
တစ်နေ့ ဆရာမလေးတစ်ယောက်
တစ်ဖက်ရွာမှနေ၍ဆေးကုပြီးအပြန် “ ဆရာမ ဆရာမ “ “ အော်
ဦးလှအောင်ပဲ နေမကောင်းလို့လား မသိဘူး “ “ မဟုတ်ပါဘူးဆရာမလေးရယ် ဆရာမလေးအတွက် ပန်းပင်ပေါက်လေးတွေလက်ဆောင်ပေးချင်လို့ပါ “ “ကျေးဇူးပါပဲ ဦးလှအောင် ရယ် အိမ်လေးကလည်း နည်းနည်းခြောက်ကပ်နေတော့စိမ်းစိမ်းစိုစိုလေးဖြစ်ချင်တာပေါ့” “
ဆရာမလေးရယ် စိမ်းစိမ်းစိုစိုဖြစ်ချင်တာများ ဆရာလေး မောင်စောနိုင်နဲ့လက်ထပ်လိုက်ပေါ့ဗျာ” ဆရာမလေးသည် ရယ်မောရင်း တစ်နေ့နေ့ပေါက်ရှင်ဟုပြောကာ ပျိုးပင်ပေါက်များကိုယူကာထွက်ခါသွားလေသည်။ ဆရာလေးမောင်စောနိုင်သည် ကျောင်းဆရာတစ်ဦးဖြစ်ကာ ဆရာမလေးနှင့်ရေငံနေသူဖြစ်ပါသည် ။
ထိုပျိုးပင်ပေါက်များကိုဆရာမလေးသည် အိမ်ခေါင်းရင်းဘက်တွင်သေချာစိုက်ပျိုးလေသည်။ ထိုသစ်ပင်ပေါက်များထဲတွင် အခက်အလက်သိပ်မရှိ မုလာဥကဲ့သို့အရွက်များရှိ၍ပြောင်ချောချောအနေအထားရှိသော အပင်တစ်ပင်ပါလာသည်ကိုတော့ဆရာမလေး သတိပြုမိလိုက်ပါသည်။ ထိုအပင်သည် သစ်မခုတ်ရ
ကျမ်းအလိုအရာ အောက်ပိုင်းရှုး၍ အပေါ်ပိုင်းကြီးသော သစ်ဘီလူးပင်ဆိုသည်သာ ဆရာမလေးသိခဲ့ရင် ......။
အချိန်တွေကြာလာသည်နှင့်အမျှ ဆရာမလေးတို့လဲလက်ထပ်ပြီးပြီး
အပင်ကြီးကလည်းပိုပိုကြီးလာလေသည်။ ထိုအပင်သည်
ဆရာမလေးအတွက် ကံကြမ္မာဆိုးတွေသယ်ဆောင်လာမည်ဆိုသည်ကိုသာ သိခဲ့ရင်
ညနေခင်းရေခပ်ဆင်းချိန် ပျိုးနုတ် ကောက်စိုက် စပါးရိတ်စသည့်စုပေါင်းအဖွဲများကြုံလျှင်လည်း ထိုအကြောင်းမပါမပြီးပေ “ ဟဲ့ကောင်မ ဟိုနေ့က တောင်ပိုင်းက ကိုကျော်ရသားလေး မဲမဲအကောင်ကြီးကိုမြင်ပြီး မေ့သွားသာအခုထိသတိမရသေးဘူးတဲ့” ပြီးတောံ့နောက်တစ်ခုက
“အဲကောင်ကြီး ကဆရာမလေးတို့အိမ်နားမှာပဲပျောက်သွားတာတဲ့ဆရာမလေးသ
ရဲမွေးထားလားမသိပါဘူးအေ ဆရာမလေးကစုန်းပညာတတ်တယ်လို့လဲပြောကြတယ်
ငါတော့မယုံပါဘူးအေ “ ဟုပြောဆိုနေကြသည် ။ ထိုမကောင်းဆိုးဝါးအမည်ရသောသတ္တဝါကြီးမှာ တစ်ပတ်ခြားတစ်ခါ နှစ်ပတ်ခြားတစ်ခါတွေ့နေရသောကြောင့်ရွာလေးမှာ တုန်လှုပ်ချောက်ချားနေကြရသည်။
သူတို့ထိုအကောင်ကြီးနောက်ကိုလိုက်တိုင်း ထိုအကောင်ကြီးသည်
ဆရာမလေးတို့အိမ်နားမှာပျောက်ဆုံးသွားလေသည်။ တစ်ည “ အမလေးကယ်ကြပါအုံးသရဲသရဲ” ဟူသောအသံနှင့်တစ်ရွာလုံးဆူညံပွက်လောရိုက်သွားပါသည် ။
ထိုအခါကင်းသမားများကလိုက်ကြရင်း ခဲများဒုတ်များနှင့်ပစ်ပေါက်ကြလေသည်။
ထိုအကောင်ကြီးသည်ဆရာမလေးခြံနားအရောက်ပျောက်ဆုံးသွားလေသည်။ ထိုအခါ”ဆရာမလေးထပါအုံး ထပါအုံး “ ဟုနှိုးကာ ၀င်ရောက်ရှာဖွေသော်လည်းမတွေ့ရှိကြပေ။ သို့သော်လည်း စိုက်ပျိုးထားသောအပင်ကြီးမှာ သွေးများပမာအရည်များထွက်ကျနေသောဒဏ်ရာကြီးအား မည်သူမျှသတိမထားမိကြပေ။
ထိုအခါတစ်ရွာလုံးကလည်းဆရာမလေးစုန်းမဆိုတာပိုယုံကြည်အောင်ကိစ္စတစ်ခုဖြစ်ပွားခဲ့သည်။
ဆရာမလေး ကိုစုန်းမဟုစွတ်စွဲပြီးအိမ်ရှေ့တွင်လာရောက်ဆဲဆိုကာရန်ရှာနေသော ရွာသားနှစ်ယောက်လုံးနောက်နေ့တွင် သစ်ပင်ပေါ်မှလ်ိမ့်ကျကာ
ဇက်ကျိုး၍သေလေသည်။ ထိုအခါတစ်ရွာလုံးမှသေချာပေါက်အတွေးများပိုမိုခိုင်မာလာသည် ။
ဆရာမလေးတို့လင်မယားသည်တစ်ညတွင် “ မိန်းမကိုယ်တို့အိမ်ပြောင်းရအောင်ကွာ
ဒီရွာမှာဆက်နေရင်အန္တရာယ်များတယ် မင်းဗိုက်ထဲကကလေးကိုလည်း ထည့်တွက်ရအုံးမယ်လေ” ဟု ဆရာလေး ကိုစောနိုင်ကပြောကာ ကဲကိုယ်တို့နောက်ညဆိုတိတ်တိတ်လေးပြောင်းရွေ့ကြမယ်နော်ဟု
စီစဉ်ထားခဲ့လေသည်။ လရောင်မထွက်တဲ့ထိုနေ့ညတွင် “ လိုက်ကြလိုက်ကြ” ဟူသောအသံများနှင့် “ ဟိုစုန်းမလင်မယား ငါတို့ရွာကိုဖျက်စီးပြီးအခုထွက်ပြေးတော့မယ် လိုက်ကြလိုက်ကြ”
ဟူသောအသံများနှင့်ဆရာမလေးတို့လင်မယားနောက်ကိုလိုက်ကြ
လေသည်။ ဆရာမလေးကမိန်းမသားမို့ ကလေးလည်းလွယ်ထားရသောအခါ ခဏလေးနှင့်မိလေသည်။ “
ကျွန်မတို့စုန်းမမဟုတ်ကြပါဘူးရှင်မသတ်ပါနဲ့ “ဟုတောင်းပန်သော်လည်း ခေတ်ပညာအမြင်မရှိသော
ရွာသားများသည် ရက်ရက်စက်စက်သတ်ပစ်လိုက်ကြလေသည်။
တစ်ရွာလုံးနီးပါး ရွာအပြင်ရောက်နေသောအခါ
အိမ်တွင်ကလေးများနှင့်အဖိုးအဖွားများသာကျန်ရစ်လေသည်။
ထိုအချိန်တွင် မဲမဲကောင်ကြီးသည် မှောင်ထဲမှနေ၍
ကလေးများအားခြောက်လှန့်လေရာ ကလေးများလည်းကြောက်လန့်ပြီးပြေးမိပြေးရြာေ့ပးကြသောအခါ
မီးခွက်များကိုခလုပ်တိုက်မိပြီး တစ်အိမ်လုံးမီးစွဲလောင်လေသည်။
ထိုအခါသက်ကယ်များ ဓနိများနှင့်မိုးထားသောအိမ်များကိုဆက်တိုက်စွဲလောက်လေသည်
ထိုအခါရွာအပြင်ပြန်ရောက်နေသောရွာသားများသည် ရွာထဲသို့အမှီပြန်လာကြသော်လည်း မီးလောင်တိုက်သွင်းသကဲ့သို့ ကလေးများအကုန်သေကြေကုန်ကြလေသည်။ သို့သော်လည်း
ဆရာမလေးတို့တစ်အိမ်သာ မိးမလောင်ဘဲကျန်ရစ်လေသည်။ ရွာသားများလည်းအရုးတစ်ပိုင်းဖြစ်ကြရှာသည်။
မနက်လင်းသောအခါ ရွာဦးကျော်င်းဆရာတောင်ကြွချီလာပြီး ဆရာမလေးတို့အိမ်၀င်းကိုလှည့်ကြည့်ပြီး
သစ်ပင်ကြီးရှေ့ရောက်သောအခါ
“ဒကာတို့ဒီသစ်ပင်ဟာ သစ်ဘီလူးပင်ဖြစ်တယ် ဘီလူးစောင့်ပြီးညအချိန်ဆိုအပြင်ထွက်လေ့ရှိတယ် သူ့ကိုမွေးမြူစောင့်ရှောက်ထားတဲ့သခင်ကိုအမြဲစောင့်ရှောက်တယ်
သူ့သခင်ကိုစိတ်ဆင်းရဲအောင်လုပ်ရင် သူက ကလက်စားချေတတ်တယ်ဒကာတို့ဟု”မိန့်လေရာ တစ်ရွာလုံးလဲ အမှားကိုသိပြီး ဆရာမလေးတို့လင်မယားအား မြေမြှပ်ပေးကာ
ထိုရွာလေးမှာရွာလုံးကျွတ်ပြောင်းရွေ့ခဲ့လေသည်။
သစ်ဘီလူးပင်ကြီးကတော့တစ်ထီးတည်းကျန်ရစ်ခဲ့လေတော့သည် ။
Credit- Kaungkhant Zaw

Comments
Post a Comment