Posts

ဂုဏ်တော်အစွမ်းနှင့်အောက်လမ်းဆရာ

ဘုရားဂုဏ်တော်အစွမ်းနှင့်အောက်လမ်းဆရာ *********************************            "အောင့်တယ်…အောင့်တယ်" ဟူ၍အော်နေသောမောင်ကျော်မိုး၏အော်နေသော အသံသည်စူးနစ်စွာထွက်ပေါ်လာ၏ မောင်ကျော်မိုး၏ဖခင်နှင့်အကိုဖြစ်သူတို့မှာခြေမကိုင်မိ လက်မကိုင်မိဖြစ်နေကြသည်         မောင်ကျော်မိုး၏အော်သံမှာလည်း ပို၍ကျယ်လာပြီးအော်သံစိပ်လာသဖြင့်အ်ိမ်နီးချင်းများမှ အားလုံးဝိုင်းအုံလာကြသဖြင့်သူတို့အိမ်တွင်လူများပြည့် ကျပ်သွားသည်        တစ်ယောက်ကပြေးခေါ်သဖြင့် ဗိန္နောဆေးဆရာဦးဖြူသီးရောက်လာပြီးတိုင်းရင်းဆေး များတိုက်ကြွေးသော်လည်းအအောင့်ကမပျောက်သဖြင့် မြို့ဆေးရုံပို့ရန်အကြံပေးကြသည်          ထိုအချိန်မှာပင်ရွာဦးကျောင်းဆရာတော် ဦးသုတဆွမ်းခံကြွလာ၏အိမ်ထဲသို့ဝင်လိုက်သည်နှင့် မောင်ကျော်မိုးမချိမဆန့်အော်လိုက်သောအသံများက ဆီကြိုလျက်ရှိသည်        ထို့ကြောင့်သပိတ်ချပြီးလူနာထံကြွသွား၏ အသင့်ခင်းထားသောနေရာပေါ်ထိုင်ပြီးသည်နှင့်အကျိုး အကြောင်းမေးလေ၏ "မောင်ကျော်မိုးဘာရောဂါဖြစ်တာလည်း" ဟုမေးလေသည် မည်သူမှဦးဆောင်၍ဖြေသူမရှ...

ငါ့ သွား ပြန်ပေး

"ငါ့ သွား ပြန်ပေး" ========= နောင် ဝေ ဝေ ကြက်မောက်ကုန်း သုဿာန်ကို အသုဘလာချခြင်းပင် အုတ်ဂူသွင်းဖို့အသင့်စောင့်ဆိုင်းပေးနေတဲ့ ပန်းရံဆရာ  အေးနိုင်နဲ့တပည့်နှစ်ယောက်က သုဿာန်အတွင်း လက်ခုတ်ပင် ခြေရင်း၌စောင့်ရင်း ဆရာတပည့်သုံးဦး တိုင်ပင်ထားတာ အလွဲအချော်မဖြစ်စေရန် တီးတိုးပြောနေကြခြင်းပင် သေဆုံးသူ  ဒေါ်ခင်တင့် ဆိုသည်မှာ ရှမ်းရွာကျေးရွာရဲ့ မျက်နှာဖုံး "တောဘောစိ" လို့ခေါ်ရမှာပေါ့။ အသက်ကြီးလို့သွားမရှိတော့ ရွေသွားစိုက်ထားနိုင်တယ် ဆိုကတည်းက ဘယ်လောက်ချမ်းသာမှူရှိလဲ စဉ်းစားကြည့်ပေါ့ ဒါပေမဲ့ အဘွားကြီးက ကပ်စေးနဲကော်တရာ မစားရက် မသောက်ရက် မလှူရက်မတန်းရက် ရှိတဲ့ငွေကိုကျစ်ကျစ်ပါအောင် ကူတ်ထားတာ. ကိုယ့်ကိုကိုယ်တောင်မသထာချင်တဲ့သူမျိုးပေါ့။ ဒါနဲ့ပဲ သုဿာန်ဇရပ်မှာ အသုဘတရားနာ ပြီးတော့ အဘွားကြီးကို ဂူသွင်းဖို့လုပ်ကြတော့ သားသမီးတွေ ချွေးမတွေက အကုန်ပြီးတဲ့အထိစောင့်ရင်း ပန်းရံဆရာ အေးနိုင်ကို လည်း သေချာဂူပိတ်ပေးဖို့မှာကြားရင်း ပန်းရံလက်ခရှင်းပေးပြီး ပြန်သွားကြတော့ အေးနိုင်က သူ့တပည့်နှစ်ယောက်ဖြစ်တဲ့ သောက်ပြူး နဲ့ သောက်ကန်း ကို ည၉နာရီတိတိ သုဿာန်ကို လာဖို့ထပ်မှာရင်း အိမ်ပြန်ကြရောပေါ့ မျက်လု...

🌑ညဆိုး🌑

“ ညဆိုး ” ( ဖြစ်ရပ်မှန် - စဆုံး )   ည မ ဖ တ် ရ   ( အမှန် တကယ်ကြုံခဲ့သော သူများ နေရာမှ ခံစား၍ ရေးသည်။ )  “ မည်သည့်အဖွဲ့အစည်းကို မှ မပုတ်ခတ်လိုကြောင်း ၊ စာတစ်ပုဒ်အဖြစ်သာမြင်ပေးပါရန် ဦးစွာပထမ မေတ္တာရပ်ခံအပ်ပါသည် ”  “ ဝါသနာအရရေးသားခြင်းဖြစ်သောကြောင့် အမှားအယွင်းရှိပါက ခွင့်လွှတ်ပေးစေလိုပါသည် ။ ဝေဖန်မှုများကို ကြိုဆိုပါသည် ။  ”           ပရလောကဆိုတာ လူတွေနဲ့ အနီးကပ်ဆုံးမှာတည်ရှိနေတယ် ဆိုတာကို ကျွန်မ အဲ့ဒီနေ့ညက ဖြစ်ရပ်ကြောင့်  ယုံယုံကြည်ကြည် နဲ့ လက်ခံသွားခဲ့ပါပြီ ။  ဖြစ်ပုံက ……….           ခေတ်ပျက်ကြီး တစ်ခု ၊  သွေးသောက်သော ခုနှစ် ၁၉၈၈ ။ သေလိုက်တဲ့ လူတွေ ၊ နေရာတိုင်းမှာ ဆာလောင်နေတဲ့ ဝိညဉ်တွေနဲ့ ပြည့်နှက်နေတဲ့အချိန် အခါ ။           ကျွန်မတို့နေထိုင်ရာ တောင်ဥက္ကလာပမြို့နယ် ( …. ) ရပ်ကွက် မှာ တပ်မတော်သားတွေနဲ့ အရပ်သားအချို့ ပရိပက္ခ ဖြစ်ပွားနေချိန် ၊ ကြားနေပြည်သူတွေ သောကအရောက်ရဆုံးကာလတစ်ခု ။        ...

လျော်ကြေး

✔ ✔  လျော်ကြေး    "(စ\ဆုံး) ✔ ✔  ★ ★ ★ ★ ★ ★ ★ ★ ★ ★  တန်းတင်ရွာသည် တောကြုံအုံကြား လမ်းပန်းဆက်သွယ်ရေးခက်ခဲလှသော အိမ်ခြေ (၃၀) နီးပါးခန့်သာရှိသော ရွာသိမ် ရွာငယ်လေးတစ်ရွာသာဖြစ်သည်။ ရွာနဲ့ခပ်လှမ်းလှမ်း တောင်ကုန်းထိပ်တွင် စေတီတဆူရှိပြီး ထိုစေတီအား တန်းတင် စေတီ ဟုသာ အလွယ်တကူ ခေါ်ကြသည်။ မည်သည့်ခေတ်ကာလက တည်ထောင်ထားသည်ဟု ကျောက်စာ အမှတ်အသားများမရှိသော ရှေးဟောင်းစေတီ တဆူသာဖြစ်သည်။ ထိုသို့ တောကြို တောင်ကြားလမ်းပန်းဆက်သွယ်ရေး ခက်ခဲလှသော တန်းတင် စေတီတော်ကြီးသည် အနယ်နယ်အရပ်ရပ်မှ လူများဖြင့် ကြက်ပျံမကျ စည်ကားသောကာလတစ်ခုရှိပါသည်။ ထိုအချိန်ကား နှစ်စဉ် တန်းခူးလ တိုင်းကျင်းပလေ့ရှိသော ဘုရားပွဲ ကြောင့်ပင်ဖြစ်သည်။ တန်းတင်ဘုရားပွဲစည်ကားရခြင်းအကြောင်းအရင်းမှာ တန်ခူးလ ဘုရားပွဲကာလ ဓတ်တော်ကွန့်မြူးတောက်ပခြင်းကြောင့် ဖူးမြော်လိုသော ဧည့်ပရိတ်သတ်များဖြင့် အထူးစီကားနေခြင်းပင်ဖြစ်သည်။ ဘုရားပွဲ ကာလအတွင်း ဘုရားပွဲလာပရိတ်သတ်များသည် နေရေးထိုင်ရေး အနည်းငယ်အခက်အခဲရှိသော်လည်း စားရေးသောက်ရေးအတွက်ပူပင်စရာမလို အနီးအနားရွာများမှ စေတနာသဒ္ဒါတရားထက်သန်လှသော အလှူရှ...

စုန်းကိုး မှော်ကိုး ကဝေကိုး(စ/ဆုံး)

စုန်းကိုး မှော်ကိုး ကဝေကိုး(စ/ဆုံး) ပုဗ္ဗာရုံကျောင်း ကထိန်မှာဗျ။ ပုဗ္ဗာရုံဆိုတာက ကျုပ်ဆရာတော်ရဲ့ ကျောင်းလေဗျာ။ ခင်ဗျား မှတ်မိတယ်မို့လား။ ဦးဂုဏလေ။ကျုပ်တို့ရွာမှာက ဘုန်းကြီးကျောင်း သုံးကျောင်း ရှိတာဗျ။ ရွာဦးကျောင်း။ ပုဗ္ဗာရုံကျောင်း။ ပြီးတော့ ဒက္ခိဏာရုံကျောင်းဗျ။ ကထိန်ခင်းပြီးဆိုရင် ဒီကျောင်းသုံးကျောင်းစလုံး လွှတ်စည်တာဗျို့။ ကျောင်းသုံးကျောင်းစလုံးရဲ့ ဘောစကံက ကျယ်သားဗျ။ ကျုပ်တို့ရွာ ထနောင်းကုန်းတင် မဟုတ်ဘူး။ အနီးအနားက ဘန့်ဘွေးကုန်း ။ မီးလောင်ကုန်း။ ငွေတွင်းကုန်း။ ဆပ်သမြှောင် ။ သံမနောက်။ ကျားကုန်း ။ ထိန်ကုန်း ။ ကပ္ပလီစု ညောင်ဝိုင်းတို့ ဗိုလ်ကုန်းတို့ပါ ကိုးကွယ်ကြတာ။ ဆရာတော် သုံးပါးစလုံးကလည်း  ပညာတတ်တွေချည်းပဲဗျ။ သုံးပါးလုံး စာချတန်းအောင်ပြီးသား ။ ဓမ္မာစရိယကိုယ်တော်ကြီးတွေဗျို့။ ဒီအထဲမှာမှ ကျုပ်ဆရာတော် ဦးဂုဏက လောကီကြောင်းရော။ လောကုတ္တရာကြောင်းရော ဝါသနာရှိတာဗျ။ပုဗ္ဗာရုံကျောင်း ကထိန်ဆိုရင် ကျုပ်တို့ရွာက လူကြီးတွေနဲ့ တခြားရွာက လူကြီးတွေ ဆုံကြပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြ ။ သူတို့ငယ်ငယ်က အတွေ့အကြုံတွေ ပြောကြနဲ့...

သင်္ချိုင်းကို ကစားကွင်းထင်

အဖော်ကောင်းလို့သချိ င်္ုင်းရောက်ခဲ့ရတဲ့ . ငယ်ငယ်က အတွေ့အကြုံလေး ပြောပြရဦးမယ် ။ . အဲတုန်းက ခေးငယ် နှစ်တန်းလောက် တော့ ရှိမယ်ထင်တယ် ။ . ခေးငယ်မှာက တစ်ဝမ်းကွဲ တီတီတစ် ယောက် ရှိတယ် ။ ခေးငယ်ထက် ငါး နှစ်လောက်ဘဲကြီးတယ် ။ခေးငယ် အသက်က ခုနှစ် နှစ်ဆိုတော့ တီတီက ဆယ့်နှစ် နှစ်ပေါ့ ။တီတီ နာမည် က အိမွန်တဲ့ ။ ခေးငယ်မှာကလည်း ဆော့စရာဆိုလို့ ဒီတီတီ တစ်ယောက် ဘဲ ရှိတာဆိုတော့ ဘယ်သွားသွား သူ့ အနောက်ဘဲ တစ်ကောက်ကောက် လိုက်နေတော့တာပေါ့ဟာ ။ . သူဆော့သမျှ အကုန်လိုက်ဆော့ချင် ။ သူလုပ်သမျှ အကုန်လိုက်လုပ် ။ မလုပ် ခိုင်း မဆော့ခိုင်းရင် အာပြဲနဲ့ အော်ငို တော့တာပါဘဲ ။ . သူများတွေ ကြက်တောင် ရိုက်ရင် လိုက်ရိုက်ချင်တယ် ။ ရိုက်ပြန်ရင်လည်း တစ်ချက်မှ မထိဘူး လိုက်ဘဲ ကောက် နေရတော့ တီတီ က ပျင်းပြီပေါ့ ။ . တစ်ခါကလည်း ကြိုးခုန်နေတာ မြင်တော့ မရမက လိုက်ခုန်ချင်တာပေါ့ ။မခုန်ခိုင်း တော့ ငိုပြစ်လိုက်တာ ။ . " ကဲ့အဲလောက်မှ ခုန်ချင်နေလည်း ခုန်" ဆိုတော့ ပျော်ပျော်နဲ့ ခုန်လိုက်တာ တစ်ခါမှလည်း မခုန်ဘူးတော့ မောက်လျက်လဲပြီး အောက်မှာခင်းထားတဲ့အုတ်နီခဲနဲ့ နှားခေါင်းထိပြီး သွေးတွေ ထွက်လာတော့...